ဘစ်ဒက်ရှ်နဲ့ အောက်တိုဘာလမှ ထိုးဖို့ရှိတယ်လို့ ဆိုလာတဲ့ အောင်လအန်ဆန်း

154

MMA ဝိတ်တန်း ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန်ကတော့ လာမယ့် အောက်တိုဘာမှာ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲကို ယှဉ်ပြိုင်ကစားဖို့ ရှိနေတာပါတယ်


အဲဒီပြိုင်ပွဲပြီးရင်တော့ အောင်လအန်ဆန်ဟာ မြန်မာနိုင်ငံကို ပြန်လာခဲ့မယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်ဟာ Covid – 19 ရောဂါပိုးကူးစက်ခံထားရတာပါ ဒါပေမယ့် ပြိုင်ပွဲအတွက် လေ့ကျင့်ရေးဆင်းတာတွေပြုလုပ်နေပြီး၊ ပရိသတ်တွေမစိုရိမ်ကြဖို့လည်း အောင်လအန်ဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ရောဂါပိုးရှိ၊ မရှိ ထပ်မံစစ်ဆေးထားပြီး အဖြေကိုော့ စောင့်ဆိုင်းဆဲ ဖြစ်တယ်လို့လည်း အောင်လအန်ဆန်က ပြောပါတယ်။

ယှဉ်ပြိုင်ထိုးသတ်ရမယ့် ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နဲ့ အောင်လအန်ဆန်ဟာ အခုအကြိမ်တွေ့ဆုံမှုက သုံးကြိမ်မြောက်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ပွဲမှာတော့ တစ်ယောက် တစ်ပွဲစီ အနိုင်ရရှိထားကြတာပဲ ဖြစ်ပါတယ်။

ကင်မရာ – ကျော်ဇင်ထွန်း