မကြာ‌သေးခင်က Suicide လုပ်သွားတဲ့ကောင်လေးရဲ့ မိဘတွေအိမ်ကို ‌သွားပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ ဆီနွန်

270

Catwalk မော်ဒယ် Sinon Loresca ဟာ သိပ်မကြာသေးခင် ကရင်ပြည်နယ် ဇွကပင်တောင်ပေါ်မှ ခုန်ချပြီး Suicide လုပ်သွားတဲ့ တက္ကသိုလ်ကျောင်းသားလေးရဲ့ မိဘတွေအိမ်ကို သွားရောက်ပြီး အားပေးနှစ်သိမ့်ခဲ့တယ်လို့ သိရပါတယ်။

ဆီနွန်ဟာ သူ့ရဲ့ လူမှုကွန်ယက်မှာလဲ အားပေးနှစ်သိမ့် ခဲ့တဲ့ အကြောင်းကို ဒီလို ရေးထားပါသေးတယ်။

” ဒီနေ့ ကျတော် မကြာ‌သေးခင်က Suicide လုပ်သွားတဲ့ေ ကာင်လေးရဲ့ မိဘတွေအိမ်ကို ‌သွားခဲ့ပါတယ် ကျတော် သူတို့တွေကို နှစ် သိမ့်ပေးခဲ့တယ် .သူတို့တွေ ဘယ်လောက်များပူဆွေးသောကရောက်နေမလဲဗျာ အဲ့ဒါကြောင့် သူတို့အခုလို မမျှော်လင့်တဲ့အရာဖြစ်သွားတဲ့ အချိန်! ပူဆွေးသောကရောက်နေတဲ့အချိန်မှာသွားရောက်ခဲ့တာပါ ” ဒီနေ့တော့ဒီလောက်ပါဘဲလို့ ရေးသားခဲ့ပါသေးတယ်။

ဆီနွံဟာ လက်ရှိ ကရင်ပြည်နယ်တွင် ရောက်ရှိနေပြီး ကရင်ပြည်နယ်၏ ထင်ရှားကျော်ကြားသော နေရာများအား လိုက်လံ လည်ပတ်နေပြီး ရောက်တဲ့နေရာတိုင်းမှာ တတ်နိုင်သလောက် တကိုယ်တော် ပရဟိတ လှူ ဒါန်းမှု လေးတွေကိုလဲ လုပ်ဆောင်နေလျှက်ရှိပါတယ်။

Zin Moe