မင်္ဂလာပွဲမှာ အရက်မူးနေတဲ့သတို့သားဖခင်က သတို့သမီးကိုအတင်းဆွဲနမ်းခဲ့တဲ့အဖြစ်

355

အတော်လေးအံ့သြဖို့ကောင်းတဲ့ မင်္ဂလာပွဲရဲ့ video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံနေလျက်ရှိပြီး ၊ Video ထဲမှာတော့ အရက်အတော်လေးမူးနေတဲ့သတို့သားရဲ့ဖခင်ဟာ စင်မြင့်ပေါ်မှာ သတို့သမီးကိုအားနဲ့အတင်းဆွဲနမ်းပစ်ခဲ့တာပါပဲ ။

အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ Yancheng မြို့မှာရှိတဲ့ မင်္ဂလာခန်းမတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ Video ထဲမှာတော့ သတို့သားရဲ့ဖခင်ဟာ စင်မြင့်ပေါ်မှာ သတို့သမီးရဲ့ပုခုံးကို ဖက်ပြီးလမ်းလျှောက်လာနေခဲ့တာပါ ။

သတို့သမီးရဲ့မျက်နှာကတော့ အတော်လေးစိတ်ပျက်နေပုံရပါတယ် ။ လမ်းလျှောက်နေရင်းနဲ့ သတို့သားရဲ့ဖခင်ဟာ သတို့သမီးကိုဝှေ့ယမ်းလိုက်ပြီး အတင်းဖက်နမ်းပစ်ခဲ့ပါတော့တယ် ။

ထိုအချိန်မှာတော့ မင်္ဂလာပွဲရဲ့ DJ အဖြစ်ဆောင်ရွက်ပေးသူက အတော်လေးကိုအံ့သြထိတ်လန့်သွားပြီး ၊ မိုက်နဲ့အော်ဟစ်ခဲ့ပါတော့တယ် ။ မင်္ဂလာပွဲလာတဲ့ ပရိသတ်အချို့ကလည်း လက်ခုတ်တီးပြီး အားပေးခဲ့ကြပါသေးတယ် ။ သတို့သမီးကိုအနမ်းပေးပြီးနောက်မှာတော့ သတို့သမီးဖက်မှမိသားစုဝင်တွေက ဒေါသစိတ်မထိန်းနိုင်တော့ဘဲ သတို့သားရဲ့ဖခင်ဖြစ်သူကို စင်ပေါ်အထိတက်ပြီး ထိုးကြိတ်ပစ်ခဲ့ကြပါတော့တယ် ။


အဆိုပါအဖြစ်အပျက်ပြီးသွားချိန်မှာတော့ သတို့သမီးရဲ့မိသားစုဝင်တွေက သတို့သမီးကိုအိမ်ပြန်ခေါ်သွားခဲ့ကြကြောင်း သိရှိရပါတယ် ။ အဆိုပါ ရုပ်ဆိုးအကျည်းတန်လွန်းလှတဲ့ မင်္ဂလာပွဲဟာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း မင်္ဂလာခန်းမရဲ့တာဝန်ရှိသူတွေက အတည်ပြုပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)