ထိပ်တန်းမင်းသား နေတိုးနဲ့ ပတ်သက်ပြီး ထွက်ရှိလာတဲ့ သတင်းတွေအပေါ် တုံ့ပြန်လာတဲ့ ပန်းပန်

263

အနုပညာရှင်တွေရဲ့ အတိတ်ကအကြောင်းအရာတွေကို အစဆွဲထုတ်နေတဲ့ ဟန်ငြိမ်းဦး အကောင့်ပိုင်ရှင်က ဒီကနေ့မှာတော့ မြန်မာပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအခံရဆုံး မင်းသားချော နေတိုးရဲ့အကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ထိုသတင်းနဲ့ ပတ်သက်ပြီး ကာယကံရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်နဲ့ မော်ဒယ်လ် ပန်းပန်က အခုလိုပဲ ပြောလာပါတယ်။

“ပန်းကို ဒီလိုအချိန်မှာ ဘာမှလာမမေးကြပါနဲ့။ ကိုယ်ချင်းစာနာကြပါ။ ပြီးပြီးသားကိစ္စတွေကို မေ့ပစ်လိုက်တာလည်း ကြာလှပါပြီ။ ဒီလိုတွေဖြစ်လာအောင် ကိုယ်ချင်းစာစိတ်မရှိ ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန်သတင်း အရင်သွားပို့တဲ့သူသာလျှင် သတ္တိရှိရှိ ထွက်ရှင်းလိုက်ပါ။

နောက်ပြီး နောက်ဆက်တွဲ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ပုံတွေထပ်သွားပို့တဲ့ နောက်ကျောဓားထိုးသူတွေလည်း သူများတကာ စိတ်ဒုက္ခရောက် မျက်ရည်ကျနေတာကို ဝမ်းသာလိုက်ပါတော့နော်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကာယကံရှင် ပန်းပန်ကတော့ ပြီးပြီးသားကိစ္စတွေကို မေ့ပစ်လိုက်ပြီလို့ ဆိုလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Pann Pan’s fb
Photo: ဟန်ငြိမ်းဦး’s fb
Credit Bilie – Cele Connections