ဘုတလင်မြို့နယ်က နှစ်လောင်းပြိုင် လူသတ်မှု အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ရ နှစ် ချမှတ်ခံရ

346

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် လွဲတဲကျေးရွာအုပ်စု မြောက်တောကြီးကျေးရွာအနီး ညောင်ပင်ကြီးတောတိုက်ရှိ ကွမ်းခြံတစ်ုခံတွင် ယမန်နှစ် ဒီဇင်ဘာ ၅ ရက် ညနေ ၂ နာရီအချိန်က နှစ်လောင်းပြိုင် လူသတ်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်

အသက် လေးနှစ် ငါးလအရွယ် မအေးသန္တာထွန်း ( ခ) မစုသန္တာထွန်း နှင့် သူမ၏ မိခင်ဖြစ်သူ မရီရီသန် တို့ သားအမိနှစ်ယောက်မှာ ဦးခေါင်းကြေမွ ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို သက်ဆိုင်ရာမှ တွေ့ရှိရသဖြင့် ဒုရဲအုပ် သက်ဝေကိုယ်တိုင် တရားလိုပြုလုပ်၍ အမှုရေးဖွင့်ခဲ့သည်။

အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှုအား ဘုတလင်မြို့မရဲစခန်း (ပ)၁၈၁်/ ၂၀၁၉. ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ လက်ခံခဲ့ပြီး ရဲစခန်းမှူး ဒုရဲမှူး ညီညီအောင်မှ အမှုအား စစ်ဆေးဆောင်ရွက်ခဲ့သည်။

အရွယ်မရောက်သေးသည့် ကလေးသူငယ်နှင့် သူမ၏ မိခင်ကိုယ်ပါ ရက်စက်စွာ သတ်ဖြတ်သွားသူအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်မှ မုံရွာခရိုင် မှူခင်းနှိမ်နင်းရေး ဌာနစိပ် တာဝန်ခံ ရဲအုပ် ညိုသက်ဝင်းနှင့်အဖွဲ့အား စေလွှတ်၍ အနီကပ် ကြီးကြပ်ကွက်ကဲခဲ့ရာ လူသတ်မှုကျူးလွန်သူ ဦးလှမင်း (ခ) ဦးမြမောင်ဆိုသူအား ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် အဆိုပါ လူသတ်မှုအား ၃. ၁. ၂၀၂၀ ရက်နေ့တွင် ရဲစွဲချက် အမှတ် ၄/ ၂၀၂၀ အရ မုံရွာခရိုင် တရားရုံးသို့ တရားစွဲဆိုခဲ့ရာ တရားရုံးမှ ရာကြီးအမှတ် ၂ / ၂၀၂၀ အရ လက်ခံ၍ ကြားနာစစ်ဆေးခဲ့သည် တရားရုံးမှ အမှုအား ကြားနာစစ်ဆေးခဲ့ပြီးနောက် စစ်ဆေးပေါ်ပေါက်ချက်များအရ ယခုလ ၂၂ ရက်နေ့ မွန်းလွဲချိန်က. တရားခံ ဦးလှမင်း (ခ) ဦးမြမောင်သည် အသက်လေးနှစ် ငါးလအရွယ် မအေးသန္တာထွန်းအား သတ်ဖြတ်ခဲ့သည့်အတွက် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ကျခံစေရန် အိမန့်ချခဲ့သည်။

ထို့အပြင် အဆိုပါ လူသတ်တရားခံသည် မအေးသန္တာထွန်း၏ မိခင် မရီရီသန့် အပေါ် လူသတ်မှူကျူးလွန်းကြောင်း ထင်ရှားသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေရန် ခရိုင်တရားသူကြီး ဒေါ်…… မှ အမိန့်ချမှတ်ခဲ့သည် အဆိုပါ ပြစ်ဒဏ်နှစ်ရပ်မှာ သီးခြားစီ ကျခံစေရန်ဖြစ်သည်။

ထို့ကြောင့် သားအမိနှစ်ယောက်အား တပြိုင်တည်း သတ်ဖြတ်ခဲ့သည့် ပြစ်မှု ပြစ်ဒဏ်မှာ စုစုပေါင်း ထောင်ဒဏ် (၁၇) ဖြစ်ကြောင်း သိရသည်

ကိုတိုးကြီး