သမီးျဖစ္သူရဲ႕ ထင္မွတ္မထားတဲ့ လုပ္ရပ္တစ္ခုေၾကာင့္ ပီတိမ်က္ရည္ေတြပါ က်ခဲ့ရတဲ့ စမုိင္းလ္

1159

Zawgyi Version
သရုပ္ေဆာင္စမုိင္းလ္တို႔ဇနီးေမာင္ႏွံကေတာ့ ပရိသတ္ေတြၾကားအရမ္းကို အားက်ရတဲ့ ဇနီးေမာင္ႏွံပဲျဖစ္ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ရိုမန္တစ္ဆန္ဆန္ Surprise လက္ေဆာင္ေတြေပးေလ့ရွိတဲ့ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံက သမီး (၂) ေယာက္နဲ႔ ေပ်ာ္ရႊင္တဲ့ မိသားစုဘဝေလးကိုပိုင္ဆိုင္ထားပါတယ္။

မၾကာေသးခင္ကမွ ခင္ပြန္းျဖစ္သူကလည္း ဇနီးသည္ စမုိင္းလ္ကို Myanmar Plaza မွာ ရိုဆန္ဆန္နဲ႔ Surprise လုပ္ျပီး Roll Royce ကားတစ္စီးကို ပရိသတ္ေတြအမ်ားၾကီးေရွ႕မွာ ေပးခဲ့တာပါ။

အားက်ရေလာက္ေအာင္ အတုယူဖြယ္ေကာင္းတဲ့သူတုိ႔ ဇနီးေမာင္ႏွံဟာ အလွဴအတန္းမွာရက္ေရာရုံတင္မကဘဲ ဘုရားတရားကိုလည္း ရိုေသကိုင္းရွိုင္းၾကပါေသးတယ္။

ယခုလက္ရွိမွာေတာ့ ႏိုင္ငံရပ္ျခားေတြကို အလည္အပတ္ခရီးထြက္ေနၾကတဲ့ သူတုိ႔မိသားစုေလးရဲ႕ ဓာတ္ပံုေလးေတြကို မၾကာခဏျမင္ေတြ႕ရပါတယ္။ အခုလည္း စမုိင္းလ္ရဲ႕ သမီးေလးက သူမကိုယ္တုိင္ ပီတိမ်က္ရည္က်ရေလာက္တဲ့ ဝမ္းသာစရာ လုပ္ရပ္တစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒါကေတာ့ Breast Cancer(ရင္​သားကင္​ဆာ) ျဖစ္​ခဲ့တဲ့ အဖြားအတြက္​ရည္​စူးၿပီး အျမတ္တႏိုးထားတဲ့ဆံပင္ကိုျဖတ္ၿပီး Cancer သမားေတြအတြက္ ဆံပင္တုခ်ဳပ္ဖို႔လွဴေပးခဲ့တာပဲျဖစ္ပါတယ္။ ဒါကိုလည္း သူမလူမွုကြန္ယက္စာမ်က္ႏွာထက္မွာ ေပ်ာ္ရႊင္ပီတိမ်ားစြာနဲ႔ ေရးသားထားပါေသးတယ္။

“လိမၼာတဲ့သမီးေလးအတြက္က်ရတဲ့ပီတိမ်က္ရည္.. breast cancer ျဖစ္ခဲ့တဲ့အဖြားအတြက္ရည္ရြယ္ၿပီး သူအျမတ္တႏိုးထားတဲ့ဆံပင္ကိုျဖတ္ၿပီး cancer သမားေတြအတြက္ဆံပင္တုခ်ဳပ္ဖို႔လႉေပးခဲ့တယ္.. ေမႀကီးေရာက္ရာဘုံဘဝကေနျမင္ႏိုင္မယ္ဆိုေက်နပ္မွာပါ..လိမၼာတဲ့အေမ့ရဲ႕ေျမးေလးအတြက္ 😔”

တစ္မိသားစုလံုးရဲ႕ အလွဴအတန္း၊ ကုသိုလ္ေရးမွာ လက္မေႏွးတာကေတာ့ အံ့ၾသစရာေကာင္းေလာက္ေအာင္ပါပဲ။ ဒါေၾကာင့္လည္း ယခုလက္ရွိဘဝမွာ မေၾကာင့္ၾကပဲ လိုတုိင္းတ ရေနတဲ့ဘဝကို ပိုင္ဆိုင္ထားၾကတဲ့ မိသားစုဆိုလည္း မမွားပါဘူးေနာ္

Photos-Smile Facebook & We Love Cele

Unicode Version
သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေကြားအရမ်းကို အားကျရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ရိုမန်တစ်ဆန်ဆန် Surprise လက်ဆောင်တွေပေးလေ့ရှိတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက သမီး (၂) ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်။

မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူကလည်း ဇနီးသည် စမိုင်းလ်ကို Myanmar Plaza မှာ ရိုဆန်ဆန်နဲ့ Surprise လုပ်ပြီး Roll Royce ကားတစ်စီးကို ပရိသတ်တွေအများကြီးရှေ့မှာ ပေးခဲ့တာပါ။

အားကျရလောက်အောင် အတုယူဖွယ်ကောင်းတဲ့သူတို့ ဇနီးမောင်နှံဟာ အလှူအတန်းမှာရက်ရောရုံတင်မကဘဲ ဘုရားတရားကိုလည်း ရိုသေကိုင်းရှိုင်းကြပါသေးတယ်။

ယခုလက်ရှိမှာတော့ နိုင်ငံရပ်ခြားတွေကို အလည်အပတ်ခရီးထွက်နေကြတဲ့ သူတို့မိသားစုလေးရဲ့ ဓာတ်ပုံလေးတွေကို မကြာခဏမြင်တွေ့ရပါတယ်။ အခုလည်း စမိုင်းလ်ရဲ့ သမီးလေးက သူမကိုယ်တိုင် ပီတိမျက်ရည်ကျရလောက်တဲ့ ဝမ်းသာစရာ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကတော့ Breast Cancer(ရင်​သားကင်​ဆာ) ဖြစ်​ခဲ့တဲ့ အဖွားအတွက်​ရည်​စူးပြီး အမြတ်တနိုးထားတဲ့ဆံပင်ကိုဖြတ်ပြီး Cancer သမားတွေအတွက် ဆံပင်တုချုပ်ဖို့လှူပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကိုလည်း သူမလူမှုကွန်ယက်စာမျက်နှာထက်မှာ ပျော်ရွှင်ပီတိများစွာနဲ့ ရေးသားထားပါသေးတယ်။

“လိမ္မာတဲ့သမီးလေးအတွက်ကျရတဲ့ပီတိမျက်ရည်.. breast cancer ဖြစ်ခဲ့တဲ့အဖွားအတွက်ရည်ရွယ်ပြီး သူအမြတ်တနိုးထားတဲ့ဆံပင်ကိုဖြတ်ပြီး cancer သမားတွေအတွက်ဆံပင်တုချုပ်ဖို့လှူပေးခဲ့တယ်.. မေကြီးရောက်ရာဘုံဘဝကနေမြင်နိုင်မယ်ဆိုကျေနပ်မှာပါ..လိမ္မာတဲ့အမေ့ရဲ့မြေးလေးအတွက် 😔”

တစ်မိသားစုလုံးရဲ့ အလှူအတန်း၊ ကုသိုလ်ရေးမှာ လက်မနှေးတာကတော့ အံ့သြစရာကောင်းလောက်အောင်ပါပဲ။ ဒါကြောင့်လည်း ယခုလက်ရှိဘဝမှာ မကြောင့်ကြပဲ လိုတိုင်းတ ရနေတဲ့ဘဝကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုဆိုလည်း မမှားပါဘူးနော်

Photos-Smile Facebook & We Love Cele