အပြင် မှာ ရှင်း ဖို့ ချိန်းကြ တဲ့ သားစစ် နဲ့ ဂျောက်ဂျက်တို့ဖုန်းပြောတဲ့ အသံဖိုင် ထွက်ပေါ်

2606

အပြင် မှာ ရှင်း ဖို့ ချိန်းကြ တဲ့ သားစစ် နဲ့ ဂျောက်ဂျက်တို့ဖုန်းပြောတဲ့ အသံဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အောက်ဆုံးတွင် အသံဖိုင်တွဲတင်ပေးထားပါတယ်။

ယခု လက်ရှိ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ စင်ဂါသားစစ်ဟာ အရင်တုန်းက အိုအေစစ်အဖွဲ့နဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီးသားလည်းဖြစ်ပါတယ်။ ချန်ပီယံအခွေတွေထဲမှာ အိုအေစစ်အဖွဲ့ရဲ့ သီချင်းတွေလည်း ပါဝင်ခဲ့ပါတယ်။

ခုနောက်ပိုင်းမှာတော့ ဖေ့ဘုတ်ပေါ်မှာ သူ့ရဲ့စကားလုံးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားလာခဲ့ပါတယ်။ သူ့ရဲ့စကားတွေကို ကြိုက်နှစ်သက်ကြတဲ့အတွက်ကြောင့် အားပေးသူပရိသတ်တွေရှိလာပြီး Follow တွေများလာခဲ့ပါတယ်။

သူ့ရဲ့ ပုံမှန်ပြောဆိုပုံတွေဟာ ဖေ့ဘုတ်အသုံးပြုသူတွေအကြား သဘောကျစရာကောင်းတဲ့ စကားလုံးလေးတွေဖြစ်လာပါတယ်။ သူ့ရဲ့ တမူထူးခြားတဲ့ ထူးခြားမှုကတော့ ဖေ့ဘုတ်ပေါ်မှာ Live လွှင့်တာပဲဖြစ်ပါတယ်။

ယနေ့ နံနက်ပိုင်းမှာတော့ မိုမိုလေးက အင်တာဗျူးထားတဲ့ ဗီဒီယိုဖိုင်ကို အဆိုတော် ဂျောက်ဂျက်က ရှယ်ပြီး ပို့စ်တင်ခဲ့ပါတယ်။ အဲ့ဒီပို့စ်ကို ရှယ်ပြီး ပြန်ဖျက်သွားပေမယ့်လည်း စင်ဂါသားစစ်နဲ့ ပရိသတ်တွေကြားပျံ့နှံ့သွားပြီး ဂျောက်ဂျက်အပေါ် ဝေဖန်မှုတွေဖြစ်လာခဲ့ပါတယ်။

ဂျောက်ဂျက်တင်ပြီးပြန်ဖျက်သွားပေမယ့်လည်း စင်ဂါသားစစ်တစ်ယောက်ကတော့ ဂျောက်ဂျက်ကို Live လွှင့်ပြီး ပြောတာတွေက ဖေ့ဘုတ်သုံးစွဲသူတွေကြားအလျင်အမြန်ပျံ့နှံ့သွားခဲ့ပြီးနောက် ဂျောက်ဂျက်ရဲ့လူမှုကွန်ယက်အကောင့်မှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေက တဖြည်းဖြည်းမြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ခုတော့ စင်ဂါသားစစ်နဲ့ ဂျောက်ဂျက်နဲ့ ဖုန်းပြောတဲ့ ဗီဒီယိုဖိုင်ကို စင်ဂါသားစစ်က သူ့ရဲ့လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။

Source : welove cele