ဖြိုးမြတ်အောင် စကားပြောတာနဲ့ ကြက်သီးထစရာ ပရိသတ်များ (ဗွီဒီယိုဖိုင်)

5934

မြန်မာအိုင်ဒေါ တေးသံရှင် ဖြိုးမြတ်​​အောင်​… ဟင်္သာတ အပြန်​ခရီး ဆာကူရာ​ဆေးရုံ​ပေါ်မှ ဖန်​များအား…နှုတ်ခွန်းဆက်​စကားပြောကြားခြင်းနှင့် ကြက်သီးထစရာ ပရိသတ်များ…

ကျွန်တော်ကိုအစဉ်တစိုက် အားပေးချစ်ခင်ပေးကြတဲ့မိသားစုများကြောင့် Myanmar Idol S3ရဲ့ Grand final အဆင့်ကို တက်ရောက်ခွင့်ရရှိခဲ့ပါပြီ။ အဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျ

Grand Final ပွဲမတိုင်းခင် ကျွန်တော်တို့ Top2နှစ်ယောက် မွေးရပ်ဌာနေကိုခဏပြန်ပြီး အားပေးဝန်းရံကြတဲ့ပရိတ်သတ် မိသားစုတွေနဲ့ ရင်းနှီးစွာတွေ့ဆုံခွင့်ရမယ့် အခွင့်အရေးရရှိပါတယ်။

အဲ့တော့ ကျွန်တော်လည်း ကျွန်တော်ချစ်ရတဲ့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ဆီကို အပြေးခဏ လှမ်းလာပါအုန်းမယ်။

ကျွန်တော်ကို ပွဲစဉ်တစ်လျှောက်အားပေးချစ်ခင်လာကြတဲ့ ကျွန်တော်ရဲ့ ပရိတ်သတ်မိသားစုများနဲ့ တွေ့ဆုံဖို့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ရန်ကုန်မြို့ကနေ ဟင်္သာတမြို့ဆီကို Myanmar Idol အဖွဲ့သားများနဲ့အတူပြန်လာမှာဖြစ်ပါတယ်ခင်ဗျ

မနက် (၅)နာရီ လောက်ရန်ကုန်ကစထွက်လာပါမယ်။

တနင်္ဂနွေနေ့ နေ့လည်မှာတော့ ကျွန်တော်ချစ်ခင်ရသူတွေ သတိရတဲ့သူတွေကိုတွေ့မယ်။

တနလာ င်္နေ့ ညနေ ၃နာရီမှာတော့ ဟင်္သာမြို့ရဲ့ မြို့တော်ခန်းမမှာ ဟင်္သာတက ကျွန်တော်တို့ရဲ့ band အဖွဲ့နဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်မိသားစုတွေကို ဖျော်ဖြေရင်း တွေ့ဆုံချင်ပါတယ်။

Grand final အတွက်လည်း အကောင်းဆုံးကြိုးစားပါမယ်။

အခု ခဏအိမ်အလည်ပြန်ခွင့်ရတဲ့ ခရီးစဉ်မှာ ကျွန်တော်ကို အားပေး ချစ်ခင် ဝန်းရံကြတဲ့ မိသားစုတွေဘယ်လောက်များရှိနေမလဲဆိုတာ စိတ်လှုပ်ရှားရင်း ….ရင်ခုန်နေတယ်။

ကျွန်တော်တို့ ဟင်္သာတမြို့မှာတွေ့ကြမယ် အမျိုးတို့ရေ…🤘🤘🤘🤘🤘

Phyo Myat Aung