ချမ်းမြေ့မောင်ချိုက သီချင်းစာသားမေ့တာ မဟုတ်ပါဘူးလို့ ပြောလာတဲ့ မိခင်ဖြစ်သူ အဆိုတော် အိအိ

1774

ကျန်ခဲ့တဲ့တပတ်က ချမ်းမြေ့မောင်ချိုသီဆိုယှဉ်ပြိုင်မှာမှာ စာသားမေ့ပြီး (၂) ခေါက်ဆိုမိခဲ့တဲ့ ပြသနာနဲ့ပတ်သက်ပြီး ပရိသတ်တွေကြား ဝေဖန်မှု တွေရှိနေခဲ့ပါတယ်။

Result Show ညအပြီးမှာတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ ဇော်ကြီးပြုတ်ခဲ့တဲ့နောက်မှာ ချမ်းမြေ့မောင်ချိုအပေါ် ဝေဖန်မှုတွေက ကြီးသထက်ကြီးလာခဲ့ပါတယ်။

သမီးဖြစ်သူ ချမ်းမြေ့မောင်ချို မှားသီဆိုခဲ့တဲ့အပေါ်မှာ အမေဖြစ်သူ အဆိုတော် အိအိကတော့ သီချင်းစာသားမေ့တာမဟုတ်ဘူးလို့ ဆိုလာခဲ့ပါတယ်။

“စာသားက အမှန်တကယ်လေ ဒီသီချင်းတွေနဲ့သူက Unseen လေ။ အခုမှသူက ကျက်ရတယ်ဆိုပေမယ့် သူတို့မှာအရမ်းပင်ပန်းတယ်။ ရက်ကလည်းနည်းတယ်။ စာကျက်ရတယ်။ သူတို့မှာအရမ်းအလုပ်များတယ်။ လေ့ကျင့်မှုတွေကလည်းအများကြီးတော့ရှိတယ် ဒါပေမယ့်လည်း မရလို့မေ့တာမဟုတ်ဘူး။

စင်ပေါ်မှာ သူက ပြောတယ် အမေ သိပ်ပြီးတော့ လမိုင်းမကပ်ဘူး။ သူ့ရဲ့စကားလုံး သုံးလေး လုံးလောက်က တချက်တချက်အဲလိုဖြစ်ဖြစ်သွားတာကို ဘာကြောင့်မှန်းအန်တီလည်း မသိဘူးပေါ့နော်။ သူလည်း ဒါကိုအရမ်းအံ့သြတယ်ပေါ့နော်။

ဟိုတခေါက်တုန်းက သီချင်းမှားတယ်ဆိုတာ ဒီ (၂) ခုကို ဒိုင်တွေကို ဘယ်အပုဒ်ကိုဖျော်ဖြေရမလဲဆိုတာ စွဲနေတာ။ အဲလိုစွဲနေတဲ့အချိန်မှာကလေးဆိုတော့ သတိလက်လွတ်ပေါ့နော်။ ပြောတုန်းကတမျိုး၊ ဆိုလိုက်တော့တမျိုး။ ဒါတွေက ဖြစ်တတ်တယ်ပေါ့နော်။ မဖြစ်ရင်တော့ကောင်းတာပေါ့။

ဒါတွေက ပြိုင်နေတဲ့အချိန်မဟုတ်ဘူးပေါ့နော်။ အသံကိုရွေးတယ်ဆိုတဲ့အတွက်ကြောင့် အသံကိုသူတို့ကြိုက်တော့ ရွေးလိုက်တယ်ပေါ့။ ခုစာသားဆိုတာလည်း လုံးဝမရလို့မဟုတ်ဘူး။ မရရင်သူတို့ ဘယ်တက်မလဲ သူ့ရဲ့ ဆရာ/မ တွေကလည်းမရဘူးလေ။ သေသေချာချာသင်တယ်ဆိုတော့ ထင်တာကတော့ နည်းနည်းပေါ့ ဘယ်လိုပြောရမလဲ….မပြောတတ်ဘူး အမကတော့။

စာသားလုံးတာနည်းနည်း လုံးဝကြီးမေ့သွားတာမျိုးတော့မဟုတ်ဘူးပေါ့။ ရပ်သွားတာ ရပ်သွားပြီးမှ ပြန်ပြီးတော့ဆိုလိုက်တော့ သူ့ဟာက Chorus ပြီးတော့ Verse ပြန်လာတယ်လေ အဲ့ဒီကျတော့သူကမမေ့ဘူး ဒီသုံးလေးလုံးလောက်ပေါ့ ဒါကလဲ သူ့ရဲ့ကံပေါ့။

အမှန်တကယ်က သမီးက သီချင်းစာသားမေ့တာ မလုပ်ဘူး။

သူသီချင်းဆိုတာ အဆင်ပြေလို့လည်း ဒီအဆင့်ထိပါလာတာပါ။ သီချင်းဆိုတဲ့နေရမှာ အမှားကို မတင်ဇာမော်ပြောလို့သာ ပရိသတ်က သိသွားတာ။ သူက Chorus ကို ၂ ခါဆိုလိုက်မိတာ အဲဒါကို Band ကသိတော့ လိုက်ပေးတယ်။

လုံးဝမှားသွားတာမဟုတ်ဘူး။ အမတို့ဆိုဒါကို တခါလောက်ပဲကြားဖူးတာဆိုတော့ ဘယ်နေရာမှားမှန်းတောင် ကိုယ်ကမသိဘူး။ အခုလိုဝေဖန်ပေးတဲ့ ဒိုင်လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

Credit: Eleven Broadcasting & We Love Cele