အရွယ်မရောက်သေးသူကို ပါးစပ်ပိတ် မုဒိမ်းကျင့်ပြီး မသေမရှင်ဖြစ်နေလို့ဆိုကာ

3872

နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ တရားခံအား (၂၄)နာရီအတွင်း ဖမ်းဆီးစစ်ဆေးဖော်ထုတ်နိုင်ခဲ့

၃၀-၇-၂၀၁၈ရက်နေ့ ည(၇)နာရီအချိန် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာအုပ်စု၊ ပင်ငါးမြှောင်ကျေးရွာနေ ဒေါ်ခင်မာဦး (ခ)မမာဦးသည် ရွာထဲရှိ ဈေးဆိုင်သို့ ဈေးဝယ်ရန် နေအိမ်မှ ထွက်ခွာသွားပြီး

ည(၁၁)နာရီအချိန်ခန့် နေအိမ်သို့ပြန်လည်ရောက် ရှိချိန်တွင် သမီးဖြစ်သူ မယုယ(ခ) ရိုးမအား မတွေ့ရှိ၍ မောင်တော်စပ်သူ ကိုထွန်းထွန်းနေအိမ်တွင် သွားရောက်အိပ်နေသည်ထင်၍ လိုက်မရှာတော့ဘဲ အိပ်ယာဝင်ဝင်ခဲ့ကာ နံနက်မိုးလင်းသည့်အချိန်ထိ သမီးဖြစ်သူမှာ ပြန်လည် ရောက်ရှိလာခြင်းမရှိသောကြောင့်

ကိုထွန်းထွန်းနေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များသို့ သွားရောက် မေးမြန်းခဲ့ရာ လာရောက်ခြင်းမရှိကြောင်း သိရှိရသဖြင့် ပတ်ဝန်းကျင်အားလိုက်လံရှာဖွေခဲ့ရာ ၎င်းနေအိမ်အနောက်ဘက်ကိုက် (၁၅၀)အကွာရှိ ၀ါးရုံပင်အောက်တွင် သမီးဖြစ်သူ မယုယ(ခ)ရိုးမအား ပက်လက်အနေအထား (လည်ပင်းညိုမဲဒဏ်ရာများ)ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရ၍တရားခံအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြားသဖြင့် သစ်ပုတ်ပင်နယ်မြေရဲစခန်း(ပ)၃၃/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ-၃၀၂ ဖြင့် အမှု ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူး၊ လယ်ဝေးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ သစ်ပုတ်ပင်နယ်မြေ ရဲစခန်းမှူးတို့အဖွဲ့သည် လူသတ်မှုဖြစ် ပွားရာ ပင်ငါးမြှောင်ကျေးရွာသို့ သွားရောက်၍ အခင်းဖြစ်ရပ်အား အသေးစိတ်ကြည့်ရှုစစ်ဆေးမှတ်တမ်းတင်ခြင်း၊ ကျေးရွာလူကြီးနှင့် အမာခံသတင်းပေးများထံမှ စုံစမ်းရရှိသော သတင်း စကားများကို စုစည်း စိစစ်၍ မှုခင်းဖြစ်စဉ်အပေါ် အကဲဖြတ်ကောက် ချက်စွဲခဲ့ရာ

အခင်းဖြစ်ရပ်၏တောင်ဘက် အုတ်ဖိုရွာဘက်သို့ သွားသည့် လမ်းဘေး တောင်ကုန်းအောက်ရှိ တဲတွင် တစ်ဦး တည်းနေထိုင် သည့် မောင်နိုင် ဆိုသူဖြစ်နိုင်ကြောင်း သုံးသပ်ရရှိခဲ့၍ မသင်္ကာ တရားခံ မောင်နိုင်အား တိုင်တန်းသည့်နေ့၌ပင် အမှုဖြင့် ဖမ်းဆီးချုပ်မိန့် တောင်းခံရယူ အမှုစစ်အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ ရာ မောင်နိုင်သည်

မယုယ(ခ)ရိုးမ၏အလောင်းတွေ့ရှိရာနေရာသို့ ရွာသားများနှင့်အတူ လာရောက် ကြည့်ရှုကာ ၀ိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့ပြီး ဟန်မပျက်နေထိုင်ခဲ့သော်လည်း အမှုစစ် အဖွဲ့၏ စိတ်ရှည်စွာစစ်ဆေးဖော် ထုတ်နိုင်မှုကြောင့် ဆက်လက် လိမ်လည်ထွက်ဆိုနိုင်မှုမရှိဘဲ ၃၀-၇-၂၀၁၈ ရက်နေ့ ည(၉) နာရီခန့်တွင် အရက်မူးပြီး ၎င်း၏တဲသို့ပြန်လာစဉ် မမာဦး၏နေအိမ်သို့ ဝင် ရောက်ခဲ့ပြီး နေအိမ်အတွင်းအိပ်နေသည့်

ကလေး(၃)ဦးအနက်မှ မယုယ(ခ)ရိုးမအား တွေ့ရှိ၍ သွေးသားဆန္ဒ မထိန်းနိုင်၍ အိပ်နေရာမှ ပွေ့ချီပြီး နေအိမ်အနောက်ဘက် ကိုက်(၁၅၀)ကျော် ခန့်အကွာ ကုန်းစောင်း မြေကွက်လပ် သို့ ပွေ့ချီခေါ်ဆောင် ပြီးပါးစပ်ပိတ်ကာ သားမယားအဖြစ်ပြုကျင့်ပြီးချိန်၌ မယုယ(ခ)ရိုးမ မှာ အသက်မသေသေးဘဲဆန့်ငင် ဆန့်ငင် ဖြစ်နေသည်ကို တွေ့ရှိရ၍

မထူးတော့ဘူးဟု တွေးကာ လည်ပင်းညှစ်သတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အမှုအား ရာဇသတ်ကြီးပုဒ်မ-၃၀၂ မှ ၃၇၆ / ၃၀၂ သို့ပြောင်းလဲစစ်ဆေး၍ အမှုအားခိုင်မာစွာတည်ဆောက်ပြီး တရားခံ မောင်နိုင်အား တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit – myanmarlive