ပရိသတ်နဲ့ တွေ့ဆုံပွဲမှာ မျက်ရည်တွေနဲ့ ချမ်းမြေ့မောင်ချိုရဲ့ ပုံရိပ်များ

1743

Myanmar Idol Season 3 ဖိုင်နယ်ပွဲသို့ တက်ရောက်နိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချို နှင့် သူမရဲ့ ပရိတ်သတ်များ တွေ့ဆုံပွဲကို ဒီကနေ့ သြဂုတ်လ (၅) ရက်နေ့က ရန်ကုန်၊ Gandamar Wholesale မှာ ကျင်းပခဲ့ပါတယ်။

ချမ်းမြေ့မောင်ချိုဟာ သြဂုတ် ၄ရက်နေ့ညမှာကျင်းပတဲ့ Myanmar Idol Season 3 ပြိုင်ပွဲမှာ ဖြိုးမြတ်အောင်နဲ့အတူ ​နောက်ဆုံးအဆင့်ပြိုင်ပွဲကိုတက်ရောက်သွားတာပါ်။ Myanmar Idol Season 3 ဖိုင်နယ်ပွဲကိုတော့သြဂုတ်လ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာကျင်းပမှာဖြစ်ပါတယ်။

“ပုတ်ခတ်တဲ့ ဝေဖန်မှုတွေကို ခေါင်းထဲမထည့်ပါဘူး။ အရင်တုန်းက အင်္ဂလိပ်သီချင်းတွေ နားထောင်တာ များတယ်.. အခုကျတော့ မြန်မာသီချင်းတွေ ဆိုရတာရယ်.. အရမ်း စိတ်လှုပ်ရှားတာရယ်.. Mood အရမ်း ၀င်သွားတာရယ်ကြောင့် မဆိုရမယ့် အပိုင်းတွေကို ဆိုဖြစ်သွားခဲ့မိတာပါ” လို့ပြောလာတဲ့ Myanmar Idol Season 3 Finalist ချမ်းမြေ့မောင်ချိုက Myanmar Celebrity မှာ ပြောပြပါတယ်။

ရုပ်သံကြည့်ရန်>>

Photo&Video Credit: Myanmar Celebrity & DVB