ကလေးများကို အစားအသောက် ဂရုတစိုက်ဆင်ခြင်ကြစေချင်ပါတယ် ကျတော့်သမီးလေးလို မခံစားစေချင်ဘူး

1714

ကလေးများကို အစားအသောက် ဂရုတစိုက်ဆင်ခြင်ကြစေချင်ပါတယ် ကျတော့်သမီးလေးလို မခံစားစေချင်ဘူး ဆိုပြီး လူအများကို သတိပေးလိုက်ပါတယ်။

ဒီနေ့ သမီးလေးအနားမှာစောင့်ရင်း ဒီpostလေးကို ရေးလိုက်တာပါ. မိတ်ဆွေတချို့ကလည်း မိခင်ဖခင်တွေဖြစ်တဲ့ သားသမီးရှင်တွေ ဗဟုသုတရပြီး သားသမီးတွေကို အစားအသောက် ဆင်ချင်နိုင်အောင်လို့ ရေးပေးပါဆိုလို့ပါ

ရောဂါအစ2018ခုသင်္ကြန်မတိုင်မီ ကျတော်တို့မိသားစု ကျိုင်းတုံဘက် အလည်ထွက်ပါတယ်.တာချီလိတ်မှာ ညအိပ်တော့ သမီးလေးဝမ်းမသွားပဲ ဗိုက်က အောင့်ပြီး တင်းလာပါတယ်. ဆရာဝန်ပြပါတယ်

တာချီလိတ်မှာ ဆရာဝန်က ဗိုက်အနေအထားကိုကြည့်ပြီး ကိုယ်ဝန်ဆောင်လို့ ထင်ယောင်ထင်မှား ဖြစ်ပါသေးတယ်.မိခင်ဖြစ်သူမှ အပျိုဖြစ်ကြောင်း ပြောတော့ ဗိုက်အနေအထားကိုကြည့်ကာ အမြန်ဆုံး ဓာတ်မှန်ရိုက်ကာ စနစ်တကျ ကုသဖို့ လမ်းညွှန်ပါတယ်

12.4.2018နေ့မှာ ကျိုင်းတုံကနေ ကျိုက်ထီးဆောင်းသို့ ပြန်ကာ သင်္ကြန် အကျိုနေ့မှာ သမီးလေးက သီလရှင်ဝတ်ပါတယ် KTAက ရဟန်းဝတ်ပီ ဇင်းကျိုက်တောင်မှာ နေကြပါတယ်.ပထမတော့ ဝမ်းချုပ်ပြီး ဗိုက်အောင့်တယ်လို့ ထင်နေတာ ဖြစ်ပြီးတရက်၂ရက်အတွင်း ဗိုက်ကတင်း တင်းလာပြီး ညဆို ကိုယ်ပူအဖျားတက်တော့တာဘဲ. ဒါနဲ့ချက်ချင်းပဲ 15.4.2018နေ့မှာ မဲဆောက်အင်တာနေရှင်နယ်ဆေးရုံကို ဇင်းကျိုက်မှ အပြေးတက်လာပါတော့တယ်

ဆေးရုံက စနစ်တကျဆေးစစ်ပါတယ် ဆီး ဝမ်း သွေး အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့်တယ် အသဲ အဆုတ် ကျောက်ကပ် နှလုံးစစ်တယ်.အကုန်ကောင်းပါတယ်. 15.4.2018နေ့မှ ဝမ်းဗိုက်ကို ဓာတ်မှန်အဖြေရ ရေတွေတွေ့ပါတယ်.ဒါနဲ့ချက်ချင်း စုပ်ထုတ်တယ် ရေ၂လီတာကျော် သုံးပုလင်းခန့်ထွက်ကာ သမီးလေးဗိုက်တင်းတာ သက်သာပါတော့တယ်

ရောဂါလက္ခဏာက ညဆိုခဏခဏကိုယ်ပူပါတယ် ဆေးရုံရောက်ပြီး ဆေးသွင်းတာတောင် ၆ရက်လောက်ထိကိုယ်ပူတုန်းပါ. ဝမ်းဗိုက်တွင်းက ရေကိုစစ်ထားတာ အဖြေ စောင့်ရင်းဆရာဝန်က သွေးထုတ်ကာ ရောဂါပိုးကို မွေးပြီး အဖြေရှာပါတယ်. ဆေးစစ်ထားချက်အဖြေက ကင်ဆာမဟုတ်ကြောင်း ဝမ်းဗိုက်အမှေးတီဘီဖြစ်နိုင်ကြောင်း ဝမ်းဗိုက်ထဲက စုပ်ထားတဲ့ အရည်အဖြေမရခင် (7)ရက်မြောက်နေ့မှာ တီဘီဆေး စမ်းတိုက်ရာ အဖျားတက်တဲ့ အကြိမ်ကျဆင်းပါတော့တယ်

နောက်ဆုံးဗိုက်ထဲမှရေကို စစ်ထားတဲ့အဖြေက တီဘီပိုးတွေ့ကြောင်းအတည်ပြုကာ တီဘီဆေးသောက်စေပါတော့တယ်. ထိုင်းနိုင်ငံ ဆေးကုသမှုက စနစ်ကျပါတယ် ရောဂါရှာဖွေတယ် သွေးဖောက်ရောဂါပိုးကို မွေးပြီး ပိုးသတ်ပါတယ်

ရောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့ သမီးလေးက ခြေလေးချောင်းသား မစားပါဘူး ဒါကြောင့် အသားအတု အသားတုလုံးတွေဆို အရမ်းကြိုက်ပါတယ်.. တတိယနှစ်ကျောင်းတက်ပါတယ်.ရန်ကုန်မှာ လမ်းဘေးအစာတွေ လက်လုပ်ချဉ်တွေ အရမ်းကြိုက်တယ်.အကင်နဲ့အသားတုတွေဆို အရမ်းကြိုက်တယ်.အဲ့တော့ ဆရာဝန်တွေရဲ့ သုံးသပ်ချက်က အစားမှားတယ်လို့ ဆိုတယ်.

တရုတ်က ဝင်တဲ့ အသားလုံးအတုတွေက အနံ့အရသာ ဓာတုပစ္စည်းတွေ ပါဝင်တယ် FDAစစ်တာ နည်းတယ်.အချဉ်ကလည်း အရောင်တင်ဆေးမှုန့်တွေနဲ့ အက်ဆစ်ဓာတ်များတယ်. ဒါကြောင့် ကလေးများကို အစားအသောက် ဂရုတစိုက်ဆင်ခြင်ကြစေခြင်ပါတယ်.

ကျတော့်ရဲ့သမီးလေလို မခံစားစေချင်ပါဘူး. ခုဆိုသမီးလေးတီဘီဆေးသောက်တာ ၃လကျော်ပြီး ဝမ်းဗိုက်ကာ ကောင်းကာ ပေါင်ရင်းနားမှာ ဝမ်းဗိုက်ကဲ့သို့ အရည်အိတ် လက်ဝါးတအုပ်လောက်ဖြစ်ကာ 3.8.2018နေ့မှာ ခွဲစိတ်ကုသမှု ခံရပါမယ်

ဝမ်းဗိုက်အမှေးတီဘီသည် ဆရာဝန်မှပြောရာ အဆုတ်တီဘီကဲ့သို့ တပါးသူအားမကူးပါ. ဝေဒနာရှင်ကသာ အထူးဂရုပြုနေထိုင်ပါ ကိုယ်ခံအားနည်း၍ တခြားရောဂါများ အလွယ်တကူ ကူးဆက်နိုင်ပါသည်.. (ဘဝတူ မိဘများ ဗဟုသုတရစေရန်အလို့ဌာ) KTA…3.8.2018 2:37pm

Credit Kyan Tine Aung