ခင်လှိုင်ရဲ့သမီးဖြစ်သူကို လက်ဆောင်တစ်ခုပေးခဲ့တဲ့ မြင့်မြတ်တို့ဇနီးမောင်နှံ

1228

ပရိသတ်အချစ်တော် သရုပ်ဆောင်ခင်လှိုင်ရဲ့ ချစ်စဖွယ်သမီးလေး သဇင်ထူးမြင့်ကို မြင့်မြတ် တို့ဇနီးမောင်နှံက ချစ်စဖွယ်ခွေးလေးတစ်ကောင် လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ခွေးလေးကို လက်ဆောင်ရလို့ သူမကတော့ အပျော်ကြီးပျော်နေပုံပါပဲ ပရိသတ်ကြီးရေ။ ဖခင်ဖြစ်သူက အနုပညာရှင်ဖြစ်ပြီး ဇာတ်ကားပေါင်းများစွာရိုက်ကူးနေပေ မယ့် သူမကတော့ အနုပညာအလုပ်ကို ဝါသနာမပါဘူးလို့ဆိုပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပါသေး တယ်။ ဝါရင့်သရုပ်ေဆာင်ခင်လှိုင်ရဲ့ သမီးရတနာလေး ဖြစ်ပြီး အနုပညာအလုပ်ထက် သူမရဲ့ ပညာရေးကိုပဲ ပိုမိုစိတ်ဝင်စားကာ တစိုက်မတ်မတ်ကြိုးစားနေတာပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ ဟာ အကယ်ဒမီမြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး အပြင်မှာလည်း ခင်မင်နေကြသူတွေဖြစ်ပါတယ်။

မြင့်မြတ်ဟာဆိုရင် မကြာခင်မှာ ဖခင်ရာထူးကို ရရှိတော့မှာပဲဖြစ်ပါတယ်။ မြင့်မြတ်နဲ့ ဇနီး ဖြစ်သူ ခင်သူအောင်တို့နှစ်ယောက်သား သူမကို တန်ဖိုးဖြတ်မရတဲ့ သံယောဇဉ် လက်ဆောင်လေးကိုပေးခဲ့တဲ့အပေါ် ” အရမ်းချစ်ဖို့ကောင်းတဲ့ဘေဘီလေးကို လက်ဆောင် ပေးလို့ ကိုကြီးမြင့်မြတ်နဲ့မမခင်သူအောင်ကို ကျေးဇူးအရမ်းတင်ပါတယ် ”

ဆိုပြီး သူမက ကျေး ဇူးတင်စကားဆိုထားပါသေးတယ်။ ချစ်စရာကောင်းတဲ့ ခွေးလေးနဲ့အတူ ကြည်နူးပျော်ရွှင် နေတဲ့ သဇင်ထူးမြင့်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Credit – hlataw