ဂျင်းကောင်ပေါက်စလေး မွေးဖွားလာတဲ့အတွက် ဖခင်တစ်ယောက်ရဲ့ ခံစားချက်

1739

ဒီနေ့ 7.8.2018 မနက်ပိုင်း 9 နာရီကျော်လောက်မှာတော့ ဝိတိုရိယဆေးရုံမှာ သရုပ်ဆောင် မြင့်မြတ်ရဲ့ဇနီးဖြစ်သူ မခင်သူအောင်က သားဦးလေးကိုအောင်မြင်စွာမွေးဖွားခဲ့ပါတယ်။

ဒီသားဦးလေးနဲ့ပတ်သက်ပြီး ဖေဖေမြင့်မြတ်ကတော့ ပထမဆုံးအကြိမ် ပြောပြလာပါတယ်။

ကျတော်က ကျတော့်မိန်းမကြောက်မှာစိုးလို့ ဘေးမှာအားပေးနေတာ အဲလိုအားပေးနေတဲ့အချိန်မှာပဲ ဆရာမက ကလေးထွက်လာပြီပြောတော့ အသံစကြားရတာပဲ အဲအချိန်မှာ ကျတော့်မိန်းမရော ကျတော်ရော ဘာမှန်းမသိတဲ့ခံစားချက်ဖြစ်ပြီးတော့ မျက်ရည်တောင်ကျပါတယ်။

ကလေးက မွေးခါစကတော့ သူ့အမေနဲ့တူတယ်။ အခုကျတော့ကျတော်နဲ့ပြန်တူနေသလိုဖြစ်နေတယ်။ ခုက ရုပ်နည်းနည်းပြောင်းနေတာပေါ့နော် မငြိမ်သေးဘူး။

နာမည်ကကျတော်နဲ့နေ့နာမ်တူတယ်ဆိုရင်တော့တမျိုးပဲ စဉ်းစားတတ်တယ်။ အခုက အင်္ဂါသားမွေးတာဆိုတော့ ကိုယ်ဘာနာမည်ပေးလို့ပေးရမှန်းမသိဘူး။ တော်ကြာ ကိုယ်က ဗရမ်းဗတာ ပေးလဲ မဟုတ်ပြန်ဘူလေ။ အဲဒါကြောင့် ဗေဒင်ဆရာတွေနဲ့ သေချာမေးပြီးမှပဲပေးလိုက်ပါတော့မယ်။

မွေးရက်တူတဲ့သားလေးရတဲ့အတွက် အရမ်းပျော်တာပေါ့။

ပျော်စရာရှိတာတွေရော ၊ ဗရမ်းဗတာလုပ်တာတွေရော ကျတော်နဲ့တူမှာပါ။ မတူမှာစိုးလို့တောင် ကျတော့်မွေးနေ့နဲ့တူတဲ့ တရက်တည်းကိုမွေးတာ။

Source-Interview From Cele Yatkwat & We Love Cele