ကမ္ဘာ့နိုင်ငံပေါင်း ၁၂ နိုင်ငံက ယှဉ်ပြိုင်ကြတဲ့ပွဲမှာ အမြင့်ဆုံး ဆုရရှိခဲ့ကြတဲ့ မင်းမော်ကွန်း နဲ့ အရိုင်း ရဲ့ သမီးလေးနှစ်ယောက်

3728

သရုပ်ဆောင် မင်းမော်ကွန်းရဲ့သမီးလေးနဲ့ လူရွှင်တော် ဦးအရိုင်းရဲ့သမီးလေး နှစ်ယောက်ပါဝင်တဲ့ အဖွဲ့ဟာ ရုရှနိုင်ငံဗလာဒီဘော့စတော့ မြို့မှာ ကျင်းပတဲ့ လူငယ်ပွဲတော်မှာ အမြင့်ဆုံးဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်

ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းသမီးလေး လေပြေသွေးနဲ့ သရုပ်ဆောင် အရိုင်းသမီးလေး ပန်းနုပျိုမေ တို့ ပါဝင်ကြတဲ့ မြန်မာကျောင်းသား ၊ကျောင်းသူအဖွဲ့က Private Teachers Association နှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့ ပူးပေါင်းပြီး ရုရှနိုင်ငံဗလာဒီဘော့စတော့ မြို့မှာရှိတဲ့ (OKEAN ALL Russian Childrean Center) မှာ ဇူလိုင် ၁၇ ရက်ကနေ သြဂုတ် ၇ရက်နေ့အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ လူငယ်ပွဲတော်ကို ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

အနုပညာရှင်တို့ ရဲ့ သမီးလေး နှစ်ဦးဖြစ်ကြတဲ့ လေပြေသွေးနဲ့ ပန်းနုပျိုမေ တို့ ဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲကြီးမှာ အမြင်ဆုံးဆုကြီးကို ထိုက်ထိုက်တန်တန်ရခဲ့လို့  ဝမ်းသာပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက်ပါတယ်

မြန်မာသဘင်အစည်းအရုံးနဲ့Private Teachers Association တို့ပူးပေါင်းစေလွတ်ခဲ့တဲ့ ရုရှနိုင်ငံ မှာကျင်းပတဲ့ လူငယ်ပွဲတော်မှာ လေပြေသွေး နဲ့ ပန်းနုပျိုမေတို့ပါဝင်တဲ့ မြန်မာကျောင်းသား၊ ကျောင်းသူလေးတွေက အမြင့်ဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ချစ်ပရိသတ် ကြီးကလည်း ဂုဏ်ယူမိမယ်ထင်ပါတယ်။ ချစ်ပရိသတ် ကြီးကလည်း မြန်မာနိုင်ငံက ကျောင်းသား ကျောင်းသူလေးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ Shareသွားဖို့မမေ့ပါနဲ့နော်။

Credit: momolay