အရေးကြီးတဲ့ Voting အကြောင်း ပရိသတ်တွေကို သတိပေးလိုက်တဲ့ တင်ဇာမော်

4163

ယခုလက်ရှိမှာ ပရိသတ်တွေအားလုံးစိတ်ဝင်စားနေကာ၊ ဝေဖန်မှုမြှင့်တက်နေတဲ့ မြန်မာ အိုင်ဒေါသီချင်း ဆိုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်နေတဲ့ တေးသံရှင် တင်ဇာမော်က ကိုယ်အားပေးတဲ့ပြိုင်ပွဲဝင်အတွက် 1Vote ဟာတကယ်ကိုအထောက် အကူဖြစ်စေပါတယ်လို့ ဆိုပါတယ်။

“ ဒီပြိုင်ပွဲကအခုဆိုရင်နောက်ဆုံးအဆင့်ကိုရောက်နေပြီပေါ့။ အဲ့ဒီအတွက် ပရိသတ်တွေက ကိုယ်အားပေးကြတဲ့ ပြိုင်ပွဲဝင်၊ ကိုယ်ရဲ့အိုင်ဒေါတွေကိုရွေးချယ် Volting ပေးရတဲ့အခါမှာ 1 Vote ဟာလည်းတကယ်ကို အရေးကြီးပါတယ်။

နောက်ဆုံးကျန်ခဲ့တဲ့ မောင်ချိုလေးနဲ့ ဖြိုးမြတ် အောင်ဆိုလည်း တကယ်ကြိုးစားတဲ့ကလေးတွေပါ။ မောင်ချိုလေးဆိုရင် မိန်းကလေးထဲမှာတ ကယ် ကိုရှားပါးတဲ့အသံလေးနဲ့ဆိုနိုင်တယ်။ ပါရမီပါတယ်ပေါ့။

အဲဒီလိုပဲ ဖြိုးမြတ်အောင် ဆိုရင်လည်း ယောက်ျားလေးဆန်ဆန်ရော့ခ်သီချင်းတွေကိုသီဆိုနိုင်တဲ့အင်အားရှိတယ်။ အသံလည်းတကယ်ကောင်းတယ်။ ပရိသတ်တွေအားလုံးကလည်းသူ့ရဲ့အရည်အချင်း ကိုအမြဲအားပေးကြတယ်။

အဲဒီအတွက် ကိုယ်ကြိုက်တဲ့ကိုယ်အားပေးတဲ့အိုင်ဒေါလ်ဘက်က အကောင်းဆုံးရပ်တည်ကြဖို့ပဲ အစ်မ ကတော့ပြောပြပေးချင်တယ်” လို့ နောက်ဆုံးအဆင့် ပြိုင်ပွဲဝင်၂ဦးအတွက် အားပေးစကားတချို့ကိုပြောပြပေး ထားတာဖြစ်ပါတယ်။

တေးသံရှင်တင်ဇာမော်အနေနဲ့ ၂၀၁၈ခုနှစ်အတွင်း တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခု ကိုထပ်မံ ဖျော်ဖြေသွား ဖို့ကိုစီစဉ်နေကြောင်းကိုလည်းထပ်မံပြောပြပါတယ်။

“ဟုတ်ပါတယ်။ အမတကိုယ်တော်ဖျော်ဖြေပွဲတစ်ခုထပ်လုပ်ဖို့စီစဉ်နေတယ်။ မန္တလေးမှာ လုပ်ဖြစ် ဖို့များမယ်ပေါ့။ သေချာအောင်တော့စီစဉ်နေပါတယ်။ သေချာပြီဆိုရင် ပရိသတ် တွေ ကိုပြောပြ သွားမှာပါ” လို့ တင်ဇာမော်က ပြောပြခဲ့တာဖြစ်ပါတယ်။

Credit-Myanmaplatform