ကိုကိုလင်းမောင် နဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်ရဲ့ ဖန်တွေ ပွဲဆူကုန်ပြီ

5696

ကိုကိုလင်းမောင် မှ “ဖြိုးမြတ်အောင် အင်္ဂလိပ်လိုဆိုထားတဲ့ သီချင်းရှိလား” လို့ မေးခွန်းထုတ်လိုက်လို့ ပရိတ်သတ်များ ပွဲကြမ်း

“ဖြိုးမြတ်အောင် အင်္ဂလိပ်လိုဆိုထားတဲ့ သီချင်းရှိလား” လို့ မေးခွန်းထုတ်လိုက်တဲ့ ကိုကိုလင်းမောင် ဒီမေးခွန်းကြောင့် ပွဲကြမ်းနေပြီ။

ကိုကိုလင်းမောင်ဆိုတာ တချိန်က နာမည်ကြီး သရုပ်ဆောင် ၁ ယောက်ဖြစ်ပါတယ်။ အနုပညာလောကကနေ အနားယူထားတာ ကြာပြီဖြစ်ပြီး သူ့ရဲ့ လူမှုကွန်ယက်မှာတော့ ပရိတ်သတ်တွေနဲ့ အဆက်မပြတ် ရှိနေပါတယ်။

ဒီနေ့ လွင့်ပြန့်လာတဲ့ သတင်းမှာတော့ ကိုကိုလင်းမောင်ဟာ ချမ်းမြေ့မောင်ချိုရဲ့ပြိုင်ဖက် ဖြိုးမြတ်အောင် အင်္ဂလိပ် သီချင်းဆိုထားတာရှိရင် ပြစမ်းပါလို့ ပြောလိုက်ပါတယ်။

သူဟာ ဘယ်သူ့ဖန်မှမဟုတ်ပေမယ့်လည်း ဆေးထိုးတဲ့သဘောနဲ့ လုပ်တယ်လို့လည်း အရင်ပြောထားပါသေးတယ်။

သူ့ရဲ့ဖေ့ဘုတ်မှာတော့ မြန်မာအိုင်ဒေါအကြောင်းအချို့ ရေးသားထားတာကို တွေ့ရပါတယ်။ “ဆေးထိုးလတ်အူးမယ်နော် # ပြိုင်ဖက်က အာ့လို(ဘိုလို) ဆိုထားတဲ့သီချင်းလေးများရှိယင် … ? လွတ်လပ်စွာပြောဆိုနိုင်ပါသည်… (*မှတ်ချက်* ကျနော်မည်သူ့ FAN မှမဟုတ်ပါ)” ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖြိုးမြတ်အောင်ရဲ့ ပရိတ်သတ်တွေဟာ မခံမရပ်နိုင်ဖြစ်နေကြကာ ဒီ မြန်မာ Idol ပြိုင်ပွဲဟာ မြန်မာပြည်မှာပြိုင်တာ မြန်မာလိုဆိုတာ ဘာဖြစ်လဲဆိုပြီး တုန့်ပြန်ထားကြတာ ပါတယ်။

အချို့ကလည်း “မြန်​မာ လူမျိုးအင်္ဂလိပ်​သီချင်းမဆိုတတ်​တာရှက်​စရာမဟုတ်​ မြန်​မာဖြစ်​ပြီးမြန်​မာသီချင်းမပီသ ​မေ့​နေမှား​နေတာမှရှက်​စရာ ဟုဆိုကာ ပြန်ပြောထားကြပါတယ်။ ဒီကိုကိုလင်းမောင်ရဲ့ စကား တခွန်းဟာ မြန်မာ Idol ကို ပွဲဆူသည်ထက် ဆူသွားပါစေတယ်။

ဆယ်လီ ၁ ယောက်အနေနဲ့ စကားကို အခြားသူ မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်း ပြောသင့်ကြောင်း သုံးသပ်မိပါတယ်။ ပွဲကြမ်းမှုများ အောက်မှာ ရှု့စားကြပါ။

Credit: TawThu.com