ဖြိုးမြတ်အောင်အတွက် တန်ဖိုးကြီးလက်ဆောင် တစ်ခု ပေးပို့ လိုက်တဲ့ ဆွစ်ဇာလန် နိုင်ငံက ဆရာဝန် မိသားစု

8965

ဖြိုးမြတ်အောင်ရဲ့ အောင်မြင်ကျော်ကြားမှုကတော့ အံ့မခန်းပါပဲ။ ပြည်တွင်းမှာသာမက ပြည်ပကပါ အားပေးနေကြတာ တွေ့ရပါတယ်။ အခုလည်း ဆွစ်ဇာလန်နိုင်ငံရောက် မြန်မာ မိသားစု ၁ စုမှ ၅၀ ဂရမ်ရှိ ရွှေပြားကို ဦးသိန်းတန်မှတဆင့် ချီးမြှင့်မည်ဖြစ်ကြောင်း ခုလိုကြေငြာခဲ့တာကို ပရိတ်သတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။

{ Prof Dr Kan Min, Ohnmar Min ,သမီးZuri Kan Min & သား Yarza Kan Min (Switzerland) မှ မြန်မာ Idol ပြိုင်ပွဲဝင် ဟင်္သာတသား ဖြိုးမြတ်အောင်အား ဂုဏ်ပြုလက်ဆောင်မြန်မာပြည်သိန်းတန်မှတဆင့် ပေးပို့ လိုက်ပါမည်။

အမှတ်တရကြိုးစား ရိုးသားမှုအတွက် ရည်ရွယ်ပေးလိုပါသည်။ သမီးလေးနဲ့ သာလေးကလဲ ဖြိုးမြတ်အောင် ကိုချီးမွမ်းခဲ့ပါတယ် } ဆိုပြီး ဖိုင်နယ်ည ပြိုင်ပွဲည သီချင်းမဆိုခင်မှာ လူမှုကွန်ယက်ကနေ ကြေငြာခဲ့တာပါ။ ခုချိန်မှာတော့ ဖြိုးမြတ်အောင်ဟာ Winner ဖြစ်သွားခဲ့ပါပြီ။

အဆိုပါ ဆုချီးမြှင်သူမှ တဆက်တည်း…{ ဖြိုးမြတ်အောင်ရဲ့ စိတ်ဓာတ်ကို မြင်တတ်ကြပါစေ ဆုတောင်းပါသည်။ လူငယ်များ အတုယူထိုက်ပြီးတောသားပေမဲ့ မြို့ တက် ယှဉ်ပြိုင်တဲ့အခါမှာ ရိုးသားမှုလေးတခုနဲ့ ဝါသနာဗီဇ ကို အစွမ်းကုန် ထုတ်သုံးခဲ့လို့ … လေးစားဂုဏ်ယူစရာပင်။

သူ့ရဲ့ အားသာချက်တွေကို မြင်တဲ့သူ ရှိသလို မမြင်သူတွေ လဲရှိကြတယ်။ Winner ဆိုတာ ယာဒာယီဘွဲ့ထူးဖြစ်လို့ ပင်ကိုယ်တော် မှသာလျှင် တဘဝလုံး နာမည်တခုနဲ့ရပ်တည်ခွင့်ရနိင်မှာဖြစ်ပါသည်။

အာလုံး ခလေးတွေ က ရိုးသားကြိုးစားကြပါတယ်။ ဖြိုးမြတ်အောင်ကတော့ ထူးခြားသူတဦးဖြစ်ပြီး စိတ်ရှင်းတယ်…ဘဝကံ ဆိုတာလုံးဝ ဘာမှ မကြည့်သူပါ။နောက်တခုက ဖေဖေနဲ့မေမေဟာ ဘဝတခု ဆုချီးမြှင့်သူတို့မမွေးခင် ဟင်္သာတမြို့ပိုင်ဝန်ထောက် ဘဝနဲ့ အကြာကြီး နေခဲ့တယ်။ မိဘတွေ ချစ်ခဲ့တဲ့ မြို့က ခလေးမို့လဲ ပိုဂုဏ်ယူမိပါတယ်

အောင်မြင်မှု့ ကြာရှည်ခံနိင်ဖို့ အရည်ချင်းပြည့်တဲ့ ဖြိုးမြတ်အောင် ဖြစ်လာနိင်ပါစေသော် (၇)ရက် သားသမီးများအာလုံးရွှင်လန်းချမ်းမြှေ့ကြပါစေ } ဆိုပြီး ဆက်လက်ရေသားဖော်ပြထားတာလေးကို တင်ပြပေးလိုက်ရပါတယ်။

Credit: Writer – Robert ငြိမ်းမောင် – Myanmar Live လတ်တလော မြန်မာ့သတင်းများ