ဖြိုးမြတ်အောင်ကို ဂုဏ်ပြုစကားပြောတာ နည်းခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မြန်မာအိုင်ဒေါ စီစဉ်သူ

4523

မြန်မာအိုင်ဒေါ ဖိုင်နယ်ပွဲညမှာ ဝင်နာဖြစ်သွားတဲ့ ဖြိုးမြတ်အောင်ကို ဂုဏ်ပြုစကားပြောတာ နည်းခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာအိုင်ဒေါ စီစဉ်သူက အခုလို ဖြေရှင်းလိုက်ပါတယ်။

” နောက် ဘာပြောကြဦးမလဲ မသိဘူးပေါ့နော် … ။ ပြောပါစေ … ။ အမက ကိုယ့်ကိုကိုယ်လဲ သတိထားမိပါတယ်။ Winner ရသွားတဲ့ သားကို Congratulations.. အားငယ်နေတဲ့သမီးကို အားပေးပါရစေ။ Winner ကို လျစ်လျူ မရှုထားသလို နေမကောင်းတဲ့သူကို Highlight မလုပ်ဘူး။

ဟိုကလေးက နေမကောင်းတဲ့အတွက် သူ သုံးပုဒ် မဆိုနိုင်ဘူး။ တစ်ပုဒ်ပဲ ဆိုနိုင်တယ်။ အဲ့သီချင်း အရမ်းကြိုက်တယ်ဆိုတော့ ဆိုပါစေပေါ့။ သူ ထွက်နိုင်သလောက် အသံလေးနဲ့ပဲ ဆိုပါစေပေါ့။ သူလဲ ဒီအဆင့်ရောက်အောင် မနဲ ကြိုးစားထားရတာလေ … ။

လူဖြစ်ရင်တော့ ဝေဖန်တာတော့ ခံရမယ်ပေါ့နော် … ။ မှန်ကန်သော ဝေဖန် အကြံပြုတာကို တော့ လက်ခံပါတယ်။ စေတနာကို စော်ကားတာမျိုးတော့ မကောင်းဘူးပေါ့။ အမလဲ အခက်အခဲတွေကို ရင်ဆိုင်ပြီး လုပ်ခဲ့ရတာ

အင်တာဗျူး ဗီဒီယိုဖိုင် အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော် … ။
ဗီဒီယို ကြည့်ရန် …

Video Myanmar Celebrity