ညီလေး ဘချစ်နဲ့ပတ်သက်ပြီး စိတ်မကောင်းစွာ ရင်ဖွင့်လာတဲ့ ဖြိုးမြတ်အောင်

3717

မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ဖြိုးမြတ်အောင် တစ်ယောက်ကတော့ မကြာသေးခင်ကမှ ဝင်းနားဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားပြီး နေရပ်ဇာတိဖြစ်တဲ့ ဟင်္သာတမြို့ကိုပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ဟာ မိသားစုနဲ့အတူ ဟင်္သာတမြို့မှာနေထိုင်လျှက်ရှိပြီး ညီအရင်းဖြစ်သူ ဘချစ်ကတော့ လူမှုကွန်ယက်ပေါ်မှာ ရုပ်ရည်သန့်ပြန့်မှုကြောင့် နာမည်ကြီးနေတာလည်းဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ ပြိုင်ပွဲစဉ်တစ်လျှောက်သူ့နောက်ကနေ လိုက်ပြီး လိုအပ်သမျှ အပင်ပန်းခံကူညီနေတဲ့ ညီအရင်းဖြစ်သူ ဘချစ်လေးကို စိတ်မကောင်းစွာနဲ့ ကျေးဇူးတင်လိုက်ပါတယ်။

“ပြိုင်ပွဲတလျှောက်မှာ အရမ်းပင်ပန်းခဲ့တာကတော့ ကျတော့် ညီလေးပါပဲ ကျတော့် ညီ ဘချစ်ကိုအရမ်းချစ်ပါတယ်လို့ သူ့ကို ပြောချင်ပါတယ်”

“သူအရမ်းပင်ပန်းပါတယ်။ သူ့ခဗျာသနားပါတယ်။ ကျတော်စိတ်မရှည်လို့ အော်လိုက်ရင် သူ့ခဗျာဘာမှလည်း ကျတော်စိတ်ညစ်မှာစိုးလို့ပြန်မပြောဘူး။”

“ကျတော်လည်းပြိုင်ပွဲကသီချင်းတွေမှာ အဆင်မပြေမှာစိုးတာတစ်ကြောင်း၊ တစ်ခြားအရာနဲ့ပတ်သတ်ပြီး ဒေါသထွက်လာရင် ဒီဘက်ကအဆင်မပြေဘူးဆိုရင် ညီလေးမင်းဘယ်လိုဘယ်လိုလုပ်ပြောရတယ်။”

“သူလည်းလက်မှတ်ကိစ္စအဆင်မပြေတာတွေနဲ့တော်တော်အလုပ်ရှုပ်ပါတယ်။ သူအရမ်းပင်ပန်းပါတယ်။ သူ့ကိုလဲအထူးကျေးဇူးတင်ပါတယ်။အရမ်းလဲချစ်ပါတယ်လို့။”

“လက်တလောကတော့ ကိုယ့်ကိုအားပေးတဲ့မိသားစုတွေကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ထားတဲ့ပွဲလေးတွေရှိပါတယ်။ နောက်ပြီးစီးရီးလဲမြန်မြန်ထွက်ချင်နေပြီသီချင်းတွေကိုလည်း အခုချိန်မှာလိုက်ရှာနေပြီ။”

“ပရိသတ်တွေနဲ့ပတ်သတ်ပြီး ဟင်္သာတတင်မဟုတ်ဖူး။ ဧရာဝတီတိုင်းတစ်ခုလုံးအတွက် စဉ်းစားထားတာ ကျွန်တော့်ရင်ထဲမှာရှိပါတယ်။ ထုတ်မပြောသေးတာပဲရှိတာပါ။”

Credit: Myanmar Celebrity Interview & We Love Cele