ယွန်းဝတီလွင်မိုးက သူမ သားလေးရဲ့ ဓာတ်ပုံတွေကို ထုတ်မပြသေးတဲ့ အကြောင်းအရင်း

1500

ခေးလေး ယွန်းဝတီလွင်မိုးကတော့ ခုဆိုရင် သားယောက်ကျားလေးတစ်ယောက်ကို အောင်မြင်စွာမွေးဖွားခဲ့ပြီးပါပြီ။

ဖခင်ဖြစ်သူ ဦးလွင်မိုးကို အဘိုးရာထူးတိုးပေးလိုက်ပြီး မျိုးရိုးထဲမှာ ယောက်ကျားလေးမရှိခဲ့လို့ ဦးလွင်မိုးကတော့ မြေးဦးလေးဖြစ်တဲ့ မြေးယောက်ကျားလေးရတဲ့အပေါ်တော်တော်လေးကိုဝမ်းသာပီတိတွေဖြစ်နေပါတယ်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းက ဆေးရုံမှာမွေးပါတယ်။ ၇ ရက်နေ့က ညနေ ၅:၂၀ မှာ မွေးပါတယ်။ ၇.၅ ပေါင်ရှိပါတယ်။ မွေးတဲ့အချိန်ကျတော်ရှိပါတယ်။

သူက ၇ ရက်နေ့မှာမွေးတာ ကျတော်က ၁၀ ရက်နေ့မှာပြန်လာတာပါ။ ကားရိုက်ရှိလို့ သူတို့က ခုနောက်ထပ် သုံးလေးလလောက် သြစတြေးလျမှာနေပြီးရင် ဗမာပြည်ကိုပြန်လာကြမှာပါ။ မြေးလေးကတော့ ကျတော်နဲ့ပဲတူပါတယ်

ဒါလူ့လောကရဲ့သဘောသဘာဝဆိုတော့ ခု အဘိုး ကဏ္ဍကိုရောက်ရှိလာပါပြီ သူတို့ဖြတ်သန်းရမယ့် လောကကြီးအကြောင်းကိုတွေးပြီးတော့ နည်းနည်းတော့ ပူပင်တာလေးတွေတော့ ရှိပါတယ်

မြေးလေးအပေါ်မှာ အရမ်းချစ်မြတ်နိုးနေတဲ့ ဦးလွင်မိုးကတော့ တော်ရုံတန်ရုံ ကလေးတစ်ယောက်ကိုမြင်ရင်တောင် လူတိုင်းက နှစ်သက်ကြတယ်။ ချစ်ခင်တဲ့စိတ်ရှိတယ်။ ကိုယ့်ရဲ့ မျိုးရိုးဖြစ်တဲ့ ကိုယ့်ရဲ့မြေးဆိုတော့ ဒါအတိုင်းထက်အလွန်ပါပဲ။ ချစ်တဲ့စိတ်တွေက အများကြီးပေါ့။

ဖခင်တစ်ယောက်အနေနဲ့ ယွန်းဝတီလွင်မိုးအပေါ် နှမြောမိလားဆိုတဲ့ မေးခွန်းကို ဦးလွင်မိုးကတော့ ဝမ်းနည်းစွာ ဖြေခဲ့ပါတယ်။

ဖြစ်တယ် အများကြီးဖြစ်ပါတယ်။ ကျတော့်သမီးကို ကျတော်နှမြောတာပေါ့။ ဒါပေမယ့် မတတ်နိုင်ဘူးလေ။

မြေးဦးကယောက်ကျားလေးဖြစ်နေတော့ အဘိုးတစ်ယောက်အနေနဲ့ ခံစားချက်ကတော့ မြေးဦးကယောက်ကျားလေးဖြစ်နေတော့ တော်တော်လေးပျော်ပါတယ်။ ကျတော်တို့ရင်သွေးမှာ ယောက်ကျားလေးမရှိခဲ့ဘူးလေ အဲတော့တော်တော်လေးကိုပျော်ပါတယ်။

ကလေးလေးရဲ့ပုံကိုပရိသတ်တွေကို မပြသေးတော့ ခုချိန်ထိ ယွန်းလေးရဲ့ ကလေးလေးကို ပရိသတ်တွေက တခါမှ မမြင်ဖူးကြသေးပါဘူး။

အဲ့ဒါကလည်း ယွန်းလေးက သူကိုယ်တိုင် မိခင်စိတ်နဲ့ သူ့သားလေးကို ကိုယ်တိုင် တင်ပြီးမှ ပရိသတ်တွေကို ပြချင်တဲ့ သမီးဖြစ်သူရဲ့ စိတ်ကြောင့်ပါလို့ အဘိုးဖြစ်သူကဆိုလာပါတယ်။