မိုက်တီးကျဖမ်းပြီး ယုန်လေးလို မူးယစ်ဆေးဝါး ရောင်းတဲ့ သူကျ မဖမ်းဘူး ဆိုတဲ့ စကားကို တုံ့ပြန်လိုက်တဲ့ ယုန်လေး

1634

လက်တလောလူမှုကွန်ယက်မှာတော့ မူးယစ်ဆေးဝါးများနဲ့ ဖမ်းမိတဲ့အနုပညာများရဲ့ သတင်းတွေဟာဆက်တိုက်ဆိုသလိုကြားနေရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ နိုင်ငံကျော် အနုပညာရှင်များအတွက် ပရိသတ်တွေအားလုံးစိတ်မကောင်းဖြစ်ခဲ့ကြရသလို အနုပညာရှင်နဲ့ မူးယစ်ဆေးဟာဒွန်တွဲနေသလား

အနုပညာရှင်တွေအပေါ်ပစ်မှတ်ထားနေသလား နောက်ထပ်ဘယ်အနုပညာရှင်တွေများအခုလိုအမှုကြီးတွေ ထပ်မံဖမ်းဆီးခံရအုန်းမလဲဆိုတဲ့မေးခွန်းတွေနဲ့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိနေကြမယ်ထင်ပါတယ်။

လက်ရှိအနုပညာလောကက အနုပညာရှင်များကတော့ မူးယစ်ဆေးနဲ့အနုပညာရှင်တွေဟာဒွန်တွဲနေတာလားဆိုတဲ့မေးခွန်းတွေအပေါ်အပြင်းအထန်ငြင်းပယ်နေကြပြီး

ဘာမူးယစ်ဆေးမှ မသုံးပဲကောင်းကောင်းမွန်မွန်နဲ့အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေတဲ့သူတွေများစွာရှိသလို မူးယစ်ဆေးဝါးရဲ့အဓိကပင်မအရင်းအမြစ်ကြီးကို ဖမ်းဆီးပေးဖို့လည်းအရမ်းကိုလိုလားနေကြတာပဲဖြစ်ပါတာ်။

ဒီနေ့ တကယ့်ကိုအခုလိုမူးယစ်ဆေးနဲ့ပတ်သတ်ပြီးပရိသတ်စိတ်ဝင်စားနေချိန်မှာပဲ ထူးထူးခြားခြားအနေနဲ့ အဆိုတော်ယုန်လေးတစ်ယောက်ကတော့ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့သူတစ်ယောက်ပါလို့ အစွပ်စွဲခံလိုက်ရပါတယ်။

” haa haa haa ယုန်လေး ဆိုတဲ့ကောင်ဆေးလိပ်တောင် မသောက်တတ်ဘူး စုံစမ်း လိုက်ပါဦး ကြီးကောင်ကြီးမာနဲ့ အသက်ကြီးပြီး ဦးနောက်မကြီးတဲ့ ချီးထုပ်ကြီးရယ် .

ကြိုက်တဲ့ အချိန် ဆေးစစ် ဝင်စစ် . 2E 9900 ကင်းစစ် ကားထဲစစ်နိုင်ပါသည်။ မြန်မြန်လာလူကြမ်းတစ်ယောက်လည်းရုံတင်နေတုန်း ဒီအချိန်လေးလာစစ် haa haa haaa ရောင်းတောင်း ရောင်းတယ်ပဲရှိရသေး”လို့တုန့်ပြန်ရေးသားခဲ့ပါတယ်။

ယုန်လေးကတော့ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ လူငယ်ပြီပြီ ပွင့်ပွင့်လင်းလင်းနဲ့နေတက်တဲ့သူတစ်ယောက်ဖြစ်ပြီး ဘုရားတရားအင်မတန်လိုက်စားတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Credit: MyanPedia