မိုးရွာထဲမှာ ကားတွန်းနေရတယ် ဆိုတဲ့ Myanmar Idol season 3 Winner ဆုရှင် ဖြိုးမြတ်အောင်

2416

MyanmarIdolSeason3ရဲ့Winnerဆုရှင်ဖြစ်တဲ့ဖြိုးမြတ်အောင်ကတော့လတ်တလောမှပရိတ်သတ်အားအပေးဆုံးနဲ့နာမည်အကြီးဆုံးဖြစ်နေပါတယ်။

ပရိတ်သတ်တွေသာမက အနုပညာရှင်များနဲ့ အားပေးချစ်ခင်မှုကို အပြည့်ရရှိထားတာဖြစ်ပါတယ်။ ဝေဖန်မှုတွေနဲ့ တိုက်ခိုက်ခံနေရပေမယ့်လည်း အကောင်းဆုံးပရိတ်တွေနဲ့ အတူအခက်ခဲတွေကို ကြံ့ကြံ့ခံနေနိုင်တဲ့ စိတ်ဓာတ်လေးက ချီးကျူးစရာပဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ မကြာခင်ကမှသားညီ ၊မေမြင့်မိုရ်တို့နဲ့အတူ အနုပညာအလုပ်တွေလုပ်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ ခုမှာလည်း ဘုရားဖူးသွားနေပြီး မိုးတွေရွာနေတဲ့ရွံ့တွေထဲမှာ ကားတွန်းနေတာလည်းဖြစ်ပါတယ်။

သူဟာ Winner ဆုရရှိရင်ဘုရားထီးတော်တင်မယ်ဆိုတဲ့ အဓိဌာန်ကြောင့် ထီးတော်တင်ဖို့လည်း ကြိုးစားနေတဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဖြိုးမြတ်အောင်က Winner ဆုရခဲ့ရုံသာမကစိတ်ထားဖြူစင်ပြီး မိဘကိုသိတက်တဲ့ သားတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့မြို့လေးဖြစ်တဲ့ဟင်္သာတမြို့ပြန်တုန်းကလည်းသူ့ရဲ့ ပရိတ်သတ်တွေကစံချိန်တင် ကြိုဆိုခဲ့ကြတာဖြစ်ပါတယ်။

ချစ်စရာကောင်းပီးဖြူစင်တဲ့စိတ်ဓာတ်လေးတွေနဲ့ တူတူရှေလျောက်သူရဲ့ အနုပညာအလုပ်တွေကို အားပေးဖို့အတွက်ပြောရင်းနဲ့ ချစ်စရာကောင်းတဲ့ကားတွန်းနေပုံလေးကိုချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ကပါတယ်။

Source:Phyo Myat Aung
Credit: mmfeed