နန်းစုရတီစိုးနဲ့ တွဲပြီးမှ G fatt တစ်ယောက် အသားဖြူလာရတဲ့ အကြောင်းအရင်း

1365

နန်းဆုနဲ့ G-Fatt တို့စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုရရှိထားတဲ့ အဆိုတော်လေးနဲ့ ရွှေမင်းသမီးစုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ စုံတွဲသီချင်းလေးတွေလည်း ထွက်ရှိထားတဲ့ သူတို့စုံတွဲစတင် တွဲခုတ်ချိန်တုန်းက G-Fatt က အသားညိုသူဖြစ်ပြီး နန်းဆုက ဖြူဖွေးဥနေတာမို့ ပရိသတ်တချို့ မလိုက်ဖက်ဘူးလို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ G-Fatt တစ်ယောက်လည်း သိသိသာသာ အသားဖြူလာပြီး ဝိတ်တွေတက်လာကာ ပိုကြည့်ကောင်းလာတာကိုတော့ G-Fatt ပရိသတ်တွေရော ၊ နန်းဆုပရိသတ်တွေပါ သတိထားမိကြမှာပါ။

G-Fatt တစ်ယောက် ဒီလို သိသိသာသာပြောင်းလဲပြီး ခန့်ညားလာရတဲ့ အကြောင်းရင်းကိုလည်း ပရိသတ်တွေက အထူးစိတ်ဝင်စားနေကြပါတယ်။ G-Fatt ဘာလို့ ဒီလိုအသားတွေ ဖြူလာရလဲဆိုတာကိုတော့ မိုမိုလေး tv နဲ့ အင်တာဗျူးမှာ အခုလို ပြောပြထားပါတယ်။

အင်တာဗျူးမှာတော့ “အသားတွေဖြူလာတယ်နော်”လို့ မှတ်ချက်ပေးလိုက်ချိန်မှာတော့ G-Fatt က “မမကြီးရဲ့ ဒီလိုဖြူနေတဲ့အရှိန်တွေက ဒီအညိုကိုလာဟပ်တာ” လို့ ရယ်မောကာ ဖြေဆိုခဲ့ပါတယ်။

ပိုခန့်ညားလာတဲ့ G-Fatt ကို ပရိသတ်တွေကလည်း မမကြီးနဲ့တွဲပြီးနောက် အလှတွေပြင်လာတယ်လို့ ပြောနေကြတဲ့အပေါ်ကိုလည်း G-Fatt က “မပြင်ပါဘူး။ ကျွန်တော်က ဒေါင်းမျိုးလို့ပြောရမှာပေါ့။

ကြီးလေချောလေ ကြီးလေချောလေဆိုတော့ သူတို့က အလှအပပြင်တယ်ထင်တာပေါ့။ တကယ်တမ်းဘာမှမပြင်ပါဘူး ဒီအတိုင်းပါပဲ” လို့ ရှက်ပြုံးလေးနဲ့ ပြောခဲ့ပါသေးတယ်။

ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့် G-Fatt ဆိုပြီး ဖြစ်လာခဲ့တာကိုလည်း G-Fatt က ဘယ်တော့မှ မမေ့ပါဘူး။ သူ့ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့ “ပရိသတ်အတွက်အမြဲတမ်းခေါင်းထဲမှာ စဉ်းစားဖြစ်တယ်။ ကျွန်တော့်ပရိသတ်နဲ့ ကျွန်တော်က နားလည်မှုယူပြီးသား။

ဒီလိုလုပ်ရင် ငါ့ပရိသတ်က ငြိုငြင်မှာလား အမြဲတမ်းစဉ်းစားမိတယ်။ တခြားဟာတွေကျွန်တော်ထိန်းတယ်။ ရန်ဖြစ်ရမှာတွေ သူတို့အတုယူမှားမှာတွေ ကျွန်တော်ထိန်းတယ်ပေါ့နော်။ ရည်းစားကျတော့ ဒီက (ဘယ်ဘက်ရင်အုံကိုညွှန်ပြပြီး) လာတာဆိုတော့ ထိန်းလို့မရဘူး။

ကျွန်တော့် ပရိသတ်တွေနားလည်မယ်လို့ ထင်ပါတယ်ခင်ဗျာ။ ကျွန်တော့်ပရိသတ်တွေကလည်း ကျွန်တော့်ကို နားလည်ပါတယ်။ ကျွန်တော့်ရဲ့ we love တွေရော တခြားတခြားသော ပရိသတ်တွေရော အားလုံးရော ကျွန်တော်သီချင်းတွေထွက်ရှိဖို့ ပိုပြီး အာရုံစိုက်ထားပါတယ်ခင်ဗျာ” လို့ ပြောခဲ့ပါသေးတယ်။

G-Fatt ကတော့ လက်ရှိမှာ သီချင်းများစွာ ဖန်တီးနေပြီး သီချင်းအသစ်တွေ အွန်လိုင်းကနေ တင်ဖို့လည်းရှိတယ်လို့ ဆိုပါတယ်။ တေးဂီတဗီဒီယိုတွေလည်း ရိုက်ကူးပြီးဖြစ်တယ်လို့ သိရပါတယ်။

Credit:Myat Su Nyein

Ref : momolay tv