ချမ်းမြေ့မောင်ချိုအပေါ် ဂလဲ့စားချေတာမဟုတ်ပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ရဲနောင်

2137

မြန်မာအိုင်ဒေါ Season 2 ရဲ့ပြိုင်ပွဲဝင်ဟောင်း ရဲနောင်တစ်ယောက်ကတော့ ဖိုင်နယ်ညက တွေ့ရှိခဲ့တဲ့ စိတ်မကောင်းစရာ ဝေဖန်ရေးသားချက်တွေကြောင့် စိတ်ထိခိုက်ခဲ့ရပါတယ်။

အဲ့ဒါကတော့ သူအရင်ပြိုင်စဉ်က အဆိုတော်ဟန်ထွန်းရဲ့ သီချင်းကို သီဆိုစဉ် လက်ရှိပြိုင်ပွဲဝင် ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုရဲ့ ဝေဖန်ရေးသားချက်တွေပဲဖြစ်ပါတယ်။

သူစိတ်မကောင်းဖြစ်ကြောင်းကိုလည်း ပို့စ်တင်ပြီးရင်ဖွင့်ခဲ့သလို ချမ်းမြေ့မောင်ချို ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။ ရဲနောင်အနေနဲ့ကတော့ သူဟာ ကလဲ့စားချေချင်လို့ သက်သက်တင်ခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။

“သူများတကာတွေက ကျတော့်ကို ကလဲ့စားချေတယ် စိတ်ဆိုးလို့တင်တယ်လို့ထင်တယ်။ ဒါပေမယ့် တကယ်တော့အဲ့လိုမဟုတ်ဘူး။ အဲ့ညက ကျတော်အရမ်းခံစားရတယ်။ နဂိုလိုပြန်ဖြစ်သွားတယ် စိတ်က အဲဒါကြောင့် မခံစားနိုင်တော့လို့ နားလည်ပါစေဆိုပြီးတင်လိုက်တယ်။ စိတ်ဆိုးလို့တော့မဟုတ်ဘူး။ ကျတော်စိတ်မကောင်းလို့တင်မိတဲ့ ပို့စ်လေးပါ။”

“သူ့ကိုလည်းအောက်ဖဲလှန်တာလည်းမဟုတ်ဘူး။ နစ်နာပါစေဆိုတဲ့စိတ်လည်းမရှိဘူး။ ကျတော်တို့ မောင်နှမတွေအချင်းချင်းပဲနားလည်လိမ့်မယ် ကျတော်ပြောတဲ့စကားက။ ပြန်တွေ့ရင်လည်း ကျတော်တို့ရဲ့ ဆက်ဆံရေးက အကိုကြီး၊ ညီမလေးနဲ့ပြန်အဆင်ပြေသွားမှာ။ ပရိသတ်တွေပြောသလောက်ထိ မဆိုးသွားဘူးထင်တယ်။”

“ညီမလေး မောင်ချိုရဲ့ ပရိသတ်တွေက ကျတော့်ကိုဆဲမှာပဲလေ။ သူတို့က သူတို့ အိုင်ဒေါကိုထိသွားတဲ့တွက် ကျတော့်ကိုဆဲကြမယ် ဒါလက်ခံတယ်။ ကျတော်တင်တာကလည်း မရှင်းမရှင်းဖြစ်သွားတာကိုး အဲ့အတွက် ကျတော်လက်ခံတယ် ကျတော့်ဖန်တွေကိုလည်းထိန်းထိန်းသိမ်းသိမ်းဖြစ်စေချင်တယ်။”

“ဒီစာက ဖိုင်နယ်ညက ကျတော်ဝင်ကြည့်နေတယ်။ ဝင်ကြည့်နေတဲ့အချိန်မှာ ရွှေထွဋ်တင်မှာကျတော်ရှိတယ်။ တစ်ဝက်လောက်မှာ အဲဒီ Screenshot က ဂရုထဲလည်းရောက်လာတယ်။ ကျတော့်ဖန်တွေလည်းရှယ်ထားတာတွေ့တော့ အစက ကျတော်မယုံဘူး။ ဒါသူမဟုတ်လောက်ဘူး။ သူမတင်လောက်ဘူးပေါ့ ဝင်ကြည့်လိုက်တော့ သူဖြစ်နေတယ်။ အဲအတွက် စိတ်မကောင်းဘူး။”

“ကိုယ်နဲ့အရင်းနှီးဆုံးသူတွေဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်သွားတာ။ ဒီလိုမျိုးလုပ်လိမ့်မယ်လို့မထင်ထားဘူးလေ အဲ့အတွက် အရမ်းခံစားရတယ်။ အဲဒါကြောင့်တင်ဖြစ်သွားတာ။ အဲ့နေ့ကတော့ အရမ်းခံစားရတယ်။ အိမ်ပြန်တဲ့အချိန်ကိုရောက်သွားတယ်။ ခုတော့ဘာမှမဟုတ်တော့ပါဘူး။

Credit: Momolay Interview & We Love Cele