ဇာတ်စဉ်ပေါ်ကနေ ကန်ချခံခဲ့ရတဲ့ ဘဝကို ရင်နာနာနဲ့ ဖွင့်ပြောလာတဲ့ လူရွှင်တော် ကျော်ထူး

2061

ဦးကျော်ထူးဘဝမှာ ရင်ဘတ်ထဲမှာ ခုချိန်ထိ မမေ့သေးတာကတော့ ကိုးတန်းကျောင်းသားဘဝနဲ့ သံတွဲမှာရှိတဲ့အငြိမ့်ကိုလိုက်သွားတယ်။ အဲ့ဒီမှာ ကန့်လန့်ကာဆွဲတဲ့အဆင့်ကနေပြီးတော့ နေခဲ့ပြီးတော့ တရက် ရန်ကုန်မြို့မှာ အဲ့ရခိုင်အဖွဲ့ကြီးက ရန်ကုန်မြို့ကိုရောက်လာတယ် ကွင်းချောင်းမှာပွဲလာကတယ် အဲ့မှာကတော့ အမေ့ဆီကို လျှောက်သွားတယ် အမေက ဖက်ပြီးငိုတယ်။

ဘာလို့လဲဆိုတော့ ကျောင်းပညာတဝက်တပျက်နဲ့ အနုပညာလုပ်ငန်းလုပ်တာကို အမေက လက်မခံဘူး ပြီးတော့ အနုပညာသမားဆိုတာ ဇာတ်သမားတို့ အငြိမ့်သမားတို့က အိမ်မှာနေရတဲ့အချိန်မရှိဘူး မြန်မာတမြို့လုံးသွားနေရတာ အဲ့တော့ အမေက စိတ်မကောင်းလို့ အကိုကတော့မရဘူး အနုပညာလောကထဲကိုရအောင်ဝင်သွားတယ်။

ဒါပေမယ့် အဲ့ဒီမှာ မုသားတစ်ခုသုံးလိုက်တာ ဘာသုံးလိုက်လဲဆိုတော့ သားဒီအငြိမ့်အဖွဲ့မှာ ကျတော်ပါလာတယ် သားကဘာလုပ်တာလဲတဲ့ ကန့်လန့်ကာဆွဲတာအမေဆိုရင် အမေခံစားရတော့မယ် အဲ့တော့အမေ့ကိုလိမ်တယ် သားအဲ့မှာ လူရွှင်တော်ဖြစ်နေပြီလို့ ပြောလိုက်တယ်။

အဲ့လိုသုံးလိုက်တော့ အမေက ပွဲကြည့်ဖို့အတွက်ကို နေ့ခင်းထဲက သူများရပ်ကွက် အလုံမှာ အလုံကွက်သစ်အဝေးကြီးကို အိမ်မှာရှိတဲ့ဖျာအစုတ်လေးယူလာပြီး အဲ့ဖျာလေးကို ဇာတ်ခုံနဲ့နီးမယ့်နေရာ ဆိုင်းဝိုင်းမျက်စောင်းထိုးလေးမှာ ခင်း အဲ့နေရာကို နေရာဦးထားတာပေါ့

အဲ့ဒါကိုတောင် သူများတွေဦးသွားမှာစိုးလို့ ဖျာရဲ့ လေးဘက်လေးတန် တိုင်ငုတ်တွေစိုက်တာ ဝါးလေးတွေချွန်ပြီး ငုတ်လေးတွေစိုက် ပြီးတော့အဲ့ဖျာကိုသူကစိတ်မချလို့ ဗန်ဒါပင်အောက်မှာ ငုတ်တုတ်လေးထိုင်စောင့်တယ် ဗိုက်ဆာလို့ ထမင်းပြန်စားမယ်ဆို အိမ်ကညီမလေးကို စောင့်ခိုင်းတယ် တယောက်တလှည့်စီစောင့် အဲ့ဒါကို ကျတော်က ဇာတ်ခုံရဲ့ ကန့်လန့်ကာကနေထိုင်ကြည့်ပြီးတော့ ရင်ထဲမကောင်းဘူးဖြစ်သွားတယ်

ဘာလို့လဲဆိုတော့ အမေ့ကိုပြောထားတာ လူရွှင်တော်လို့ပြောထားတာ တကယ်လို့ အမေပွဲလာကြည့်ဖြစ်သွားပြီဆိုရင် ကျတော့်ကိုသူတွေ့မှာမဟုတ်ဘူး တွေ့တော့တွေ့မယ် ဘယ်အချိန်ကျမှ တွေ့မလဲ ပဲပြုတ်သည်တို့ အကြော်သည်တို့လာတဲ့ မိုးလင်းခါနီးကျမှ ကျတော်က ဘုရင့်ဘေးမှာ ဓားကြီးထမ်းပြီး မတ်တပ်ရပ်တာ သူတွေ့ရမယ် အဲဒါဆိုသူခံစားနိုင်မှာမဟုတ်ဘူး

အဲဒါနဲ့ကျတော်ဘာလုပ်လဲဆို အကြံအဖန်လုပ်တယ် ကျတော်တို့အဲ့အချိန်တုန်းက အဲ့လူရွှင်တော်က အရက်ကြိုက်တယ် အဲ့ဒါနဲ့ အမေ့ဆီက ခိုးလာတဲ့ပိုက်ဆံနဲ့ အဲ့လူရွှင်တော်ကို အရက်အဝတိုက်လိုက်တယ် တစ်ပိုင်းတိုက်လိုက် တစ်လုံးတိုက်လိုက် တစိတ်တိုက်လိုက်နဲ့ နောက်ဆုံးအဲဒီလူရွှင်တော်ကြီးက ပက်လက်လှန်အိပ်ပျော်သွားရော သူအိပ်ပျော်သွားပြီဆိုမှ သူ့ခေါင်းအုံးအောက်က လူရွှင်တော်ယူနီဖောင်းကို အသာလေးထုတ် ကိုယ်ကဝတ်ပြီးထွက်လာတာ ကျန်တဲ့လူရွှင်တော်တွေက အံ့သြသွားတာ ဘာလို့လဲဆို လူရွှင်တော်ခေါင်းဆောင်ရဲ့ဝတ်စုံကိုဝတ်တယ်ဆိုတာ တော်ရုံတန်ရုံတွေဝတ်လို့မရဘူးလေ ဟိုက ခွင့်ပြုချက်ရလို့သာဝတ်တာဆိုပြီးအဲ့လိုမျိုးကြည့်တာ

ကိုယ်ကဝတ်ပြီးထွက်လာတာခပ်တည်တည်ပဲ အဲ့မှာ အမေက အောက်ကနေကြည့်ပြီးပျော်နေတာ လက်ခုပ်လက်ဝါးတွေတီးပြီးပျော်နေတာ ကိုယ်ကခွန်းတောက်လဲမဆိုတတ်ဘူး ဘာမှလဲမပြောတတ်ဘူး ဘေးကလူရွှင်တော်တွေက ခွန်းတောက်ဆို ပျက်လုံးလည်းမပျက်ရသေးဘူး ပရိသတ်တွေက ဝေါဝေါနဲ့ရယ်တာ ဘာဖြစ်လို့ရယ်ပါလိမ့်လို့ အောက်စများလွတ်လို့လား တယောက်ယောက်များကြည့်လို့လားဆိုတော့

နောက်မှာ အဲ့ခိုးလာတဲ့လူရွှင်တော်ကြီးက ခါးကြီးထောက်ပြီးမတ်တပ်ရပ်နေတာ စွပ်ကျယ်ဂျိုင်းပြတ်ကြီးနဲ့ ဘောင်းဘီတိုကြီးနဲ့ ကိုယ့်အမေကိုယ် ကိုယ့်နှမတွေကို မိုးမွန်အောင်ဆဲပြီးတော့

မင်းနဲ့ ဒီယူနီဖောင်းနဲ့တန်လို့လားဆိုပြီး ဇာတ်ခုံပေါ်က ကန်ချတယ် အဲ့ဆိုင်းဝိုင်းကြီးကနေကျော်ပြီး အမေ့ရှေ့ကိုသွားကျတာ ကျလည်းကျရော အမေက ငိုပြီးရိုက်တာ ကျောကုန်းတွေထု သူ့ကိုယ်သူလည်းရင်ဘတ်တွေထု အဲ့မှာအမေ့လက်ကိုဖြုတ်ပြီးနေခဲ့လိုက်တာ အမေ့နောက်သာပါသွားရင် ကျော်ထူးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး

Interview From Myanmaplatform & We Love Cele