လင်းလင်းရဲ့ ချစ်သဝဏ်လွှာလေးကြောင့် မျက်ရည်ဝဲတဲ့ထိ ပျော်ရွှင်ခဲ့ရတဲ့ ချစ်သုဝေ

922

ဘာသာမတူ ပေမယ့် ချစ်ခြင်းမေတ္တာကို အခြေခံပြီး နားလည်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကတော့ ပရိသတ်တွေအတွက် တကယ် ကို အားကျအတုယူစရာကောင်းခဲ့ပါတယ်။

ဘာသာမတူသော်ငြားလည်း တစ်ယောက်ဘာသာရေးကို တစ်ယောက်က မငြီးမငြူပါရမီဖြည့်ပေးကြတဲ့ တကယ်ကို နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သီရိဂေဟာလေးကို ဖန်တီးခဲ့ကြတဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်စုံတွဲလေးပါဘဲနော်။

သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်နွေးထွေးတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ချစ်သုဝေနဲ့ လင်းလင်းတို့ ဇနီးမောင်နှံဟာ အခုချိန်ထိ ချစ်သူဘဝတုန်းကလို အချစ်တွေဟာ နုပျိုလတ်ဆတ်နေတုန်းဘဲဆိုတာကို လင်းလင်းက

“ဇူကာဘတ် မှတစ်ဆင့် တစ်အိမ်ထဲနေ ကျနော့်မိန်းမထံသို့ အိတ်မပါတဲ့ ပေးစာ ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ သူ့ရဲ့ဇနီးဖြစ်သူ ချစ်သုဝေရဲ့ ဖြူစင်ပြီး ရိုးသားတဲ့ အကြောင်း ၊ သူဘယ်လောက်ထိ သူ့ဇနီးကိုလေးစားချစ်မြတ်နိုးတယ်ဆို တဲ့အကြောင်းတွေ သီဖွဲ့ထားတဲ့ ချစ်သဝဏ်လွှာလေးကြောင့် ချစ်သုဝေတစ်ယောက် မျက်ရည်ဝဲတဲ့ထိ ပျော်ရွှင်ခဲ့ရတယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေး သားခဲ့ ပါတယ် ။

စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာမှာ ရုပ်ရည်တွေ ငွေကြေး ကိုးကွယ်မှုဘာသာတရားတွေ ဂုဏ်ဒြပ်တွေ မလိုအပ်ဖူးဆိုတာ ကို သက်သေပြခဲ့ကြတဲ့ အနုပညာရှင်စုံတွဲ လေး ဖြစ်တဲ့အပြင် တည်မြဲတဲ့ အိမ်ထောင်ရေးတစ်ခု ရရှိဖို့ ချစ်ခြင်းမေတ္တာတွေအပြင် နားလည်မှုတွေထားရှိရတယ်ဆိုတာကို သက်သေပြခဲ့ကြတာပါ ။

ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်နဲ့ တစ်ယောက်ပေါ်တစ်ယောက် နွေးထွေးပြီး ချစ်ခြင်းမေတ္တာတရားတွေ ပြည့်နှက်နေတဲ့ အားကျစရာကောင်းတဲ့ မိသားစုလေး ဖြစ်လို့ ပရိသတ်တွေလည်း အတုယူနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော် ။

Source : Chit Thu Wai
credit – myanmarload