နှစ်ဦးသဘောတူ လက်ထပ်ထားတယ်ဆိုတဲ့ မင်းသမီး စိုးနန္ဒာကျော် နဲ့ မင်းထက်

1759

ပရိသတ်တွေကြား ကောလဟာလတွေ ထွက်နေတဲ့ မင်းသားမင်းထက်နဲ့ မင်းသမီး စိုးနန္ဒာကျော်တို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဖြေရှင်းချက်တွေရှိလာသလို သူတို့နှစ်ဦးရဲ့ လက်ရှိ အခြေအနေတွေကိုလဲ အတိအလင်း ပြောပြလာပါတယ်။

မင်းသားမင်းထက်ဟာ သူရဲ့ ချစ်သူ စိုးနန္ဒာကျော်ကို သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်ကနေ ဒါကကျွန်တော် ချစ်သူပါ ၊ အမြတ်တနိုးနဲ့ကို ချစ်ရတဲ့ ချစ်သူပါဆိုကာ သူတို့နှစ်ဦးရဲ့ couple ပုံတွေတင်ပြီး ကြေညာခဲ့တာလဲ မကြာသေးပါဘူး။

ဒါပေမယ့် ယနေ့ မီဒီယာ တစ်ခုရဲ့ အင်တာဗျူးမှာတော့ သူတို့နှစ်ဦးဟာ တရားရုံးမှာ လက်ထပ်ပြီးအတူနေထိုင်နေကြတယ်လို့ ဖြေဆိုခဲ့ပါတယ်။ သူတို့လက်ထပ်ဖြစ်ခဲ့တဲ့ အကြောင်းအရင်း ကိုလဲ ပြောပြခဲ့ပါတယ်။

စိုးနန္ဒာကျော် နဲ့ မင်းထက်တို့ဟာ လက်ရှိ အခြေအနေမှာ လက်ထပ်ထားကြပြီး သူတို့လက်ထပ်ဖြစ်ခဲ့ရခြင်းကလဲ ” သူ့မိဘတွေကြား ပြဿနာဖြစ်အောင် မိဘကိုစာပို့ ချိန်းခြောက်တယ်၊ လင်ခိုးမှုနဲ့ တရားဆွဲမယ် ဆိုပြီးပြောတော့ သူ့မိဘတွေက ပြန်ကြပ်လာရော၊ ညဘက်အပြင်မထွက်ခိုင်းတာတို့ ရိုက်ကွင်းတစ်ခုမှ ဆဲဆိုတာတို့ ဖြစ်လာတော့ စိတ်ညစ်တယ် အိမ်ပေါ်ကနေဆင်းမယ် ဆိုပြီးပြောလာရော၊ သဲဆင်းလာရင် လက်ထပ်မယ် လုပ်ကျွေးနိုင်တယ်။

ဆင်းလာခဲ့ ဆိုတော့ သူအ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာတယ် နောက်နေ့တရားရုံးမှာလက်ထပ် ခဲ့ကြတယ်။ ဘာမဆိုရင်ဆိုင်မယ် ” ဆိုပြီးတော့လဲ သူတို့ လက်ထပ်ဖြစ်ခဲ့ပုံကိုပြောပြလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ” စနိုက်ကျော်တယ် ဆိုပြီးပြောကြတဲ့ သူတွေကို ခုရှင်းပြပြီးတဲ့နောက်ပိုင်း ပြောလာရင် တရားဥပဒေအရ လုပ်ဆောင်မယ် ပြဿနာတခု ကို ဂဂဏဏ မသိဘဲ မဝေဖန်ပါနဲ့ အနုပညာအလုပ်တွေဆက်လုပ်ပြီး အကောင်းဆုံးကြိုးစားမယ် ” ဆိုပြီးလဲ ပြောခဲ့ပါတယ်။

မင်းသားမင်းထက် ဆိုတာ ဗီဒီယိုရုပ်ရှင်ကားတွေ အ၇ိုက်များပြီး နယ်ကသိတဲ့ မင်းသားတစ်လက်လဲဖြစ်ပါတယ်။ မင်းသမီး စိုးနန္ဒာကျော် ဆိုတာကတော့ MRTV 4ရဲ့ ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ရိုက်ကူးခဲ့ရာက ပရိသတ်တွေရင်ထဲကိုရောက်ရှိခဲ့ကာ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားအတော်များများနဲ့ ကြော်ငြာတွေပါ ရိုက်ကူးလာခဲ့ရတဲ့ မင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်။