မြန်မာပြည်သိန်းတန် နဲ့ အောင်လအန်ဆိုင်း ကိုယ်ပွားတွေပါဝင်ခဲ့တဲ့ မြင်းကပါအရုပ်သွင်းပွဲ

934

ဒီနှစ်မြင်းကပါကျေးရွာရဲ့ ဝါခေါင်လ”မြစေတီ”ဘုရားပွဲတော် အရုပ်သွန်းပွဲကတော့ ခါတိုင်းနှစ်တွေထက်ပိုပြီး စည်ကားတာကိုတွေ့ခဲ့ရပါတယ်(အရုပ်တွေလည်းအရမ်းများတယ်) ပီတိအရမ်းဖြစ်မိပါတယ်။ပုဂံဒေသခံတွေရဲ့ ထူးခြားပြောင်မြောက်တဲ့လက်ရာတွေကတော့ အံ့မခန်းပါပဲ။

ဒီနှစ်အရုပ်တွေထဲမှာ ထူးခြားတာတွေကတော့ အောင်လအန်ဆန်း၊ မြန်မာပြည်သိန်းတန် စတဲ့ ထင်ပေါ်ကျော်ကြားသူတွေရဲ့ အရုပ်တွေပါဝင်လာတဲ့အပြင် ဇာတ်နိပါတ်တော်လာ ပုံတွေ ၊ သမိုင်းထဲက ဘုရင်မင်းမြတ်ပုံတွေ အစရှိတာတွေပါဝင်လာခဲ့ပါတယ်။

ပုဂံဒေသခံတွေကတော့ တော်သလင်းလ”မနုဟာ”ဘုရားပွဲတော် အရုပ်သွန်းပွဲကိုလည်း ဒီအတိုင်းပဲဖြစ်စေချင်ပါတယ် လို့ ပြောဆိုနေကြတာပါ

မိမိဘုရားပွဲတော်ကို ငွေကုန်ကြေးကျခ၊ံလူအပင်ပန်းခံပြီးလာရောက် ပူဇော် ဖျော်ဖြေပေးကြတဲ့… လူငယ်တွေ ၊ အရုပ်တွေ ၊ ဘုရားပွဲကြီး စည်ကားသိုက်မြိုက်နတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကပါ စိတ်ဝင်စားနေကြတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

Source – မြင်းကပါရွာသူရွာသားများစုဝေးရာ