ညီမဖြစ်သူအား TV ဇာတ်လမ်းတွင် ပါရှိသော ကြိုးဆွဲ ချခန်းအား လုပ်ပြရင်းတကယ်ဖြစ်သွားကာ သေဆုံး

1931

ကျောက်​တန်းမြို့နယ်​​ချောင်းဝ​ကျေးရွာတွင်​​ကျောင်းသား​က​လေးငယ်​တစ်​ဦး ကြိုးဆွဲချ​သေဆုံးမှု့ဖြစ်​ပွားခဲ့ပါတယ်။

သြဂုတ်​လ(၂၆)ရက်​ည​နေ(၄/၂၀)နာရီအချိန်​ခန့်​တွင်​​ တောင်​ပိုင်းခရိုင်​​ ၊​ကျောက်​တန်းမြို့နယ်​၊ ​ချောင်းဝ​ကျေးရွာတွင်​က​လေးငယ်​(ကျား)တစ်​ဦးကြိုးဆွဲချ​သေဆုံး​ကြောင်းသတင်းအရ ​ကျောက်​တန်းမြို့မစခန်းမှ တာဝန်​ရှိသူများနှင့်​ ​ချောင်းဝ​ကျေးရွာအုပ်​ချူပ်​​ရေးမှုး၊ ရာအိမ်​မှုးများနှင့်​အတူသွား​ရောက်​စစ်​​ဆေးရခဲ့ပါတယ်။

ချောင်းဝ​ကျေးရွာရှိ​ဒေါ်လှလှ​ဌေး ၏​နေအိမ်​၊အိမ်​​ရှေခန်းတွင်​​မောင်​ဝင်း​ဌေး(၁၀)နှစ်​(ဘ)ဦးခင်​​ရွှေ(၄)တန်း​ကျောင်းသားသည်​(၆)​ပေခန့်​ရှည်​​သောနိုင်​လွန်​ကြိုးဖြင့်​(၆)​ပေမြင့်​​နေအိမ်​ထုတ်​တန်းမှဖ​နှောင့်​လွတ်​ပြီး​ ခြေနှင့်​ကြမ်းပြင်​ထိရုံ အ​နေအထားဖြင့်​ ကြိုးဆွဲချ​သေဆုံး​နေသည်​ကို​တွေ့ရှိရပြီးပြင်​ပဒဏ်​ရာတစ်​စုံတစ်​ရာမ​တွေ့ရှိပါ။

ဆက်​လက်​စုံစမ်းရာအခင်းဖြစ်​ချိန်​တွင် ​​သေဆုံးသူနင့်​ညီမဖြစ်​သူ မခို​င်​သဇင်​ဦး(၅)နှစ်​(KG)တန်း​ကျောင်းသားနှင့်​ ​နေအိမ်​တွင်​နှစ်​ဦးထဲရှိ​နေခဲ့ပြီး မိဘများမှာ အလုပ်​ကိစ္စနှင့်​အပြင်​သွား​နေချိန်​တွင်​ဖြစ်​ပွားခဲ့​ကြောင်း သိရှိရသဖြင့်အ​လောင်းအား ရဲ​ဆေးစာဖြင့်​​ ကျောက်​တန်းမြို့ပြည်​သူ့​ ဆးရုံသို့ပို့​ဆောင်​ပြီး ဓမ္မတာအတိုင်း​သေဆုံးဟုတ်​/မဟုတ်​​စစ်​​ဆေးပြီး​ သေမှု့​သေခင်းအမှတ်​စဉ်​(၂၆/၂၀၁၈)ဖြင့်​စစ်​​ဆေး​ဆောင်​ရွတ်​လျက်​ရှိ​ကြောင်းသတင်းရရှိသည်​။

(​ကျေးရွာ​နေပြည်​သူအချို့နင့်​​ သေဆုံးသူ၏မိခင်​ဖြစ်​သူတို့ ​ပြောပြချက်​အရ​သေဆုံးသူ​(​မောင်​ဝင်း​ဌေး)သည်​ ညီမဖြစ်​သူမခိုင်​သဇင်​ဦးနှင့်​ အတူယ​နေ့​နေ့ခင်းတွင်(TV) ရုပ်​သံဇာတ်​လမ်းတွင်​ပါရှိ​သော(ကြိုးဆွဲချ)​သေဆုံးခြင်းသရုပ်​​ဆောင်​ခန်းကို ညီမဖြစ်​သူအားလုပ်​ပြရင်း​သေဆုံးသည် ​ဟုသိရှိရပါသည်​။ သို့ဖြစ်​ပါ၍ယခုဖြစ်​စဉ်​အားပြည်​သူများအ​နေဖြင့်​ ယခုလိုမဖြစ်​ပွား​အောင်​သင်​ခန်းစာ ယူသင့်​ပါသည်​)

Credit-H.H