အောင်လေး ရဲ့ Live မှာ ကိုကို့ အသည်းတွေ ခိုက်ကုန်ပြီလားလို့ ချစ်စဖွယ်မေးလိုက်တဲ့ ထိပ်ထားသခင်လေး

2315

လူကြီးလေးတစ်ယောက်လို အရမ်းလည်လွန်း၊ တတ်လွန်းတာကြောင့် အွန်လိုင်းသုံးစွဲသူတွေကြားထဲမှာ နာမည်ကြီးနေတဲ့ ကလေးမလေး ထိပ်ထားသခင် ကတော့ ဖွေးဖွေးပေါက်စလေးဆိုပြီးလည်း လူပြောများနေတာပါ။

ထိပ်ထားသခင်လေးကတော့ မင်းသား ထဲမှာဆိုရင် အောင်လေးကို သဘောကျတယ်လို့ အမြဲပြောလေ့ရှိပြီး အောင်လေး နဲ့တွေ့ရင် လည်း ကိုကိုအောင်လေးဆိုပြီး ပါးစပ်ဖျားက မချတတ်သူလေးပဲ ဖြစ်ပါတယ်။

တနေ့ကလည်း အောင်လေးရဲ့Live မှာ ထိပ်ထားသခင်လေးနဲ့ video call ပြောခဲ့ကြတာဖြစ်ပြီး ထိပ်ထားသခင်လေးက အောင်လေးကို ချစ်စရာကောင်းအောင် အချွဲပိုနေခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် အောင်လေးရဲ့Live ထဲမှာ စကားတွေဝင်ပြောခဲ့တဲ့ ထိပ်ထားသခင်ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။