နာမည်ကြီးနေတဲ့ မြန်မာပြည်ရဲ့ ပထမဆုံး စဥ့်အိုး ဟိုတယ် အကြောင်း

1918

ယနေ့ အင်တနက်တခွင်မှာ လွင့်ပြန့်လာတဲ့ စဥ့်အိုးဟိုတယ် ပုံတွေနဲ့ အတူ ဘယ်မှာရှိတာလဲဆိုတဲ့ မေးခွန်းများစွာလည်း တွေ့နေရပါတယ်။

နိုင်င်ငံခြားသားတွေကို ဆွဲဆောင်ဖို့ တည်ဆောက်ထားတဲ့ ဒီစဥ့်အိုးဟိုတယ်ဟာ မြန်မာနိုင်ငံအညာဒေသ ရှေးဟောင်းစေတည်ပုထိုများ များပြားစွာ တည်ရှိရာ ပုဂံဒေသမှာ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ပထမဆုံးဖြစ်လို့ နိုင်ငံခြားသားတွေတင်မဟုတ်ပဲ မြန်မာနိုင်ငံသားများလည်း အထူးစိတ်ဝင်စားနေလျှက် ရှိပါတယ်။

လက်ရှိအခြေအနေကတော့ အားလုံးပြီးစီးသလောက် ဖြစ်နေပြီး ready made ပစ္စည်းများ နဲ့ လျှပ်စစ်သွယ်တန်းဖို့လောက်ပဲ ကျန်တော့တယ်သိ သိရပါတယ်။

မန္တလေးတိုင်း ပုဂံဒေသဟာ နှစ်စဉ် နိုင်ငံခြားသားများဖြင့် ပြည့်နက်နေတဲ့ နေရာဒေသ ၁ ခုလည်း ဖြစ်ပြီး ပုဂံဒေသကို ပိုမိုလှပသည်ထက် လှပအောင် အမျိုးမျိုး ဆွဲဆောင်နေလျှက်ရှိပါတယ်။

နာမည်ကြီး ရှေးဟောင်း ပုဂံဘုရားများအပြင် ပုဂံမြင်းလှည်း၊ ပုဂံမီးပုံးပြန်၊ အညာဒေသ ရိုးရားအစားအစာ၊ ပုဂံညနေခင်း၊ ဧရာဝတီမြစ်အတွင်းက ဧရာညနေဆည်းဆာတို့ဟာ နိုင်ငံခြားသားတွေအတွက် မေ့လို့မရနိုင်တဲ့ ဆွဲဆောင်မှုတွေပဲပေါ့။

အရမ်းချစ်ဖို့ကောင်းတဲ့ စဥ့်အိုးဟိုတယ်ပုံလေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေလိုက်ပါတယ်။ မကြာမီ ဖွင့်​လှစ်​​တော့မည့်​ မြန်​မာပြည်​က ပထမဆုံး ပုဂံက စဉ့်​အိုးဟိုတယ်​ ​ရောက်​​အောင်​သွားတည်းကြဖို့ မ​မေ့နဲ့​နော်

မကြာခင်ဖွင့်တော့မှာမို့ ပုဂံသို့ အလည်လာရောက်လည်ပတ်သူများ အထူးအဆန်း မြင်ကွင်းသစ်နဲ့ စိတ်ပန်းဖြေနိုင်ကြပါပြီ

Photo U Aung Kyaw Soe, ပျူမင်းသား