မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ ယွန်းဝတီလွင်မိုး

2852

ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပါ။ယွန်းလေး ကို ဟိုးအရင် ကလေးဘ၀ တည်းက ပရိသတ်တွေက ချစ်ခင်အားပေးလာခဲ့တာ ဒီနေ့ အထိပါ။ယွန်းဝတီလွင်မိုးကတော့ လက်တလောမှာတော့ သြစတြေးလျမှာ ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့ အတူ နေထိုင်နေပါတယ်။

အခုဆိုရင်တော့ ချစ်စရာ သားလေး တစ်ယော က်ရဲ့ မေမေဖြစ်နေပါပြီ။သားလေးရဲ့ နာမည်ကိုတော့ Liam လို့ ချစ်စနိုးနဲ့ အမည်ပေးထားပါတယ်။သားလေး ကတော့ အခုဆိုရင် (၃)ပတ်သား အရွယ်ကိုရောက်နေပါပြီ။

ယွန်းဝတီလွင်မိုးကတော့ သြစတြေးလျနိုင်ငံ Melbourne မြို့မှာ သြဂုတ်လ (၇)ရက်နေ့က သားဦးလေးကို မွေးဖွား ခဲ့တာပါ။သားလေးနဲ့ပတ်သက်ပြီး ယွန်းဝတီလွင်မိုးက လျှို့ဝှက်ထားတာနဲ့ပတ်သက်ပြီး လူတစ်ချို့က ဝေဖန် ပြော ဆိုခဲ့ ကြပါတယ်။

ကိုယ်ဝန်လွယ်တဲ့ အကြောင်းကိုတော့ ဒေါ်မေသူ တင်လိုက်တဲ့ ဓါတ်ပုံက တစ်ဆင့် ပရိသတ်တွေ က သိ ခဲ့ ကြတာပါ။သားလေးမွေးပြီးနောက်ပိုင်းမှာလည်း ကလေးရဲ့ ပုံကို ရှင်းရှင်းလင်းထုတ်မပြတာနဲ့ပတ်သက်ပြီး လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်လို့ တမင်ဒီလိုလုပ်နေတာဆိုပြီးသူမ အပေါ် ပြောဆိုဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီလိုပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီး ယွန်းဝတီလွင်မိုးက သားလေးနဲ့ပတ်သက်တဲ့ သူမရဲ့ ခံစား ချက်တွေကို ပထမ ဆုံး အကြိမ် အခုလို ရင်ဖွင့်လာပါတယ်။Liam လေးကို ဒီလောက်ချစ်ပေးမယ်လို့ သူမအနေနဲ့ လုံးဝ မျှော်လင့် မထားေ ကြာင်း၊လူတွေက သူမနဲ့ပတ်သက်ပြီး ကြိုက်သလို ဝေဖန်ပါစေ ခံနိုင်ရည်ရှိပေမယ့် အပြစ်မရှိတဲ့ သားလေး ကိုတော့ မပြောမခံစေချင်ဘူး ဆိုပြီး သူမရဲ့ ရင်ထဲက မိခင်စိတ်ကို ရင်ခွင့်ခဲ့ပါတယ်။

from ယွန်းဝတီလွင်မိုး

Credit: Burmese Asia