ကိုယ်စောင့်နတ် သီချင်းကို မထင်မှတ်လောက်အောင် အမိုက်စား ဆိုပြလိုက်တဲ့ အိချောပို

2396

ပရိသတ်ကြီးရေ မင်းသမီးချော အိချောပိုကတော့ မြင်သူငေးတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။

စင်တင်မင်းသမီးတစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။

သူမကတော့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်များနဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်များကို ဖေ့ဘွတ်ပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း “ကိုယ်စောင့်သီချင်း” လေးကို သူမရဲ့ သာယာတဲ့ အသံလေးနဲ့ ဆိုပြထားတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။

သီချင်းလေးနဲ့ သူမရဲ့ အသံလေးနဲ့ အလွန်လိုက်ဖက်နေတာဖြစ်ပြီး မထင်မှတ်လောက်အောင်ကို ကောင်းနေအောင် ဆိုပြသွားတာတွေ့ရပါတယ်။

သူမရဲ့ သွယ်လျတဲ့ ခန္ဓာကိုယ်အလှလေးနဲ့ ဝတ်စုံလေးတွေကလည်း အမြဲတမ်း အရမ်းလိုက်နေတာဖြစ်ပြီး နတ်မိမယ်လေးလား ထင်မှတ်ရလောက်တာကြောင့် ပုရိသတွေကို ကြွေစေခဲ့တာလည်းအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွေအတွက် အိချောပိုရဲ့ မြင်နေကြပုံစံတွေနဲ့ မတူတဲ့ သီချင်းဆိုပြထားတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Credit-မြန်မာလုတ်