ဆွီးတီးဟုမ်းက ကျင်းပပေးတဲ့ ဂုဏ်ပြုပွဲမှာ ကြိတ်ကြိတ်တိုးအားပေးခံရတဲ့ ဖြိုးမြတ်အောင်၊ ဇော်ကြီး နဲ့ ချမ်းမြေ့မောင်ချို

1692

ယနေ့မှာတော့ မြန်မာအိုင်ဒေါ Season 3 ရဲ့ ဝင်းနားနဲ့ 1st runner up ၊ 2nd runner up တို့ကို Sweety Home ကနေပြီး ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲကိုတော့ သုံးဦးလုံးရဲ့ပရိသတ်တွေ လာရောက်အားပေးခဲ့ကြပြီး ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြပါတယ်။

ပရိသတ်တွေကိုယ်စီပိုင်ဆိုင်ထားကြတဲ့ ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချိုနဲ့ ဇော်ကြီးတို့ကတော့ ယခုအချိန်မှာ ကိုယ်စီကိုယ်စီအနုပညာအလုပ်တွေကို လုပ်နေကြပြီပဲဖြစ်ပါတယ်။

ယနေ့ကျင်းပပေးတဲ့ ဂုဏ်ပြုပွဲမှာတော့ ပြိုင်ပွဲဝင်မောင်နှမသုံးဦးကို ပျော်ပျော်ရွှင်ရွှင်တွေ့မြင်ရပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကလည်း ကြောက်ခမန်းလိလိဆိုတာကို တွေ့ရပါတယ်

credit – we love cele