အောင်ရဲလင်းနဲ့ အင်္ကျီဆင်တူသွားတဲ့အကြောင်း ဖြူုဖူထွေးရှင်းပြီ

1846

ဟာသဗီဒီယိုလေးတွေနဲ့ ဆန်းသစ်တဲ့အကနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ ဖြူဖြူထွေးဟာ အခုဆိုရင် သရုပ်ဆောင်လောကဲကို ပါချဉ်းနင်းဝင်ရောက်လာပြီဖြစ်ပါတယ်။ အောင်မြင်မှုရရှိလာရင် အတိုက်အခိုက်တွေ၊ဝေဖန်မှုတွေ၊မျက်စိဒေါက်ထောက်ပြီး လိုက်ကြည့်နေတဲ့ လူအုပ်ကြီးကို ရင်ဆိုင်ရတဲ့ အနုပညာရှင်တို့ထုံးစံအတိုင်း ဖြူဖြူထွေးမှာလည်း စိုင်းစိုင်းနဲ့ ခဏခဏ Troll ခံရတာနှစ်ပေါက်နေပြီလို့ဆိုရမှာပါ။

ဒါပေမယ့် မကြာသေးမီက တက်လာတဲ့ဓာတ်ပုံတွေအရ Troller တွေအာရုံပြောင်းသွားပုံပါပဲ။ ဖြူဖြူထွေးကိုတော့မဟုတ်ပါဘူး။ ဖြူဖြူထွေးနဲ့ တွဲပြီး Troll ကြတဲ့ မင်းသားကိုပါ။ အရင်လိုစိုင်းစိုင်းမဟုတ်တော့ပဲအခုတော့ အောင်ရဲလင်းဖြစ်သွားပါပြီ။

အောင်ရဲလင်းနဲ့ ဖြူဖြူထွေးနဲ့ တစ်နေ့ထဲမှာတင်လိုက်တဲ့ဓာတ်ပုံတွေမှာ ဝတ်ထားတဲ့ အင်္ကျီတွေက ဆင်တူတြွေုဖစ်နေတာကြောင့် ပရိသတ်တော်တော်များများကလည်း သို့လောသို့လောနဲ့အတွေးပွားနေခဲ့ကြသလို Media တွေကလည်း ဖွကြပြုကြနဲ့ ဖြစ်နေတာပါ။ အခုတော့ အဲဒီအကြောင်းကို ဖြူဖြူထွေးက Sunday Journal နဲ့ Interview မှာ ရှင်းပြလာခဲ့ပါပြီ။

အင်္ကျီဆင်တူကိစ္စကိုအမေးခံရတဲ့အခါမှာ ဖြူဖြူထွေးက “အဲဒီအကြောင်းပဲမေးမယ်ဆိုတာ သားသိတယ်။ ဘာဖြစ်လို့ဆိုတော့ ဘယ်လောက်ပဲအပေးစားခံရခံရ သားပဲဗျူးမှာဆိုတာ သားသိတယ်။ ဘာဖြစ်လို့ဆိုတော့ အင်္ကျီကတူသွားတာ။ဒါကတော့ ဒီလိုအခြေအနေရှိတယ်။ အင်္ကျီဆိုတာက ထောင်သောင်းမကထုတ်တာလေ သိတယ်မလား။

တစ်နိုင်ငံလုံးဝတ်အောင် ထုတ်တာဆိုတော့သားလည်း ဒီလိုပဲဝတ်မိသွားတဲ့သဘောလေးပဲ။ ကျန်တာဘာမှတော့ထွေထွေထူးထူးမရှိပါဘူးရှင့်” လို့ ရှင်းပြထားသလို အဲဒီ အင်္ကျီအကြောင်းကိုလည်း “မသိဘူး ဘယ်ကဝယ်မှန်း။ဝယ်တာကတော့ ဝယ်တာပဲ။ အစ်မတစ်ယောက်က၊အိမ်ကအစ်မကြီးက ဝယ်ပေးတာ” လို့ပြောပြထားပါတယ်။

နာမည်ကြီးမင်းသားတွေနဲ့ပဲ အမြဲတမ်း Troll ခံရတဲ့အပေါ်ခံစားချက်ကို မေးမြန်းခဲ့ရာမှာ ဖြူဖြူထွေးက အားရပါးရရယ်လိုက်ပြီး “အဲဒီလိုရယ်ပြန်ရင်လည်း ပီတိဖြစ်တယ်ပြောဦးမယ်။ အဲလိုမဟုတ်ပါဘူးလို့ သားက ရယ်တယ်ဆိုတာလည်း ပြုံးပြုံးရွှင်ရွှင်ပျော်ပျော်ရွှင်ရွှင်နေချင်လို့ပါလို့။ ဒါပါပဲ။ကျန်တာကတော့ အဲလိုထွေထွေထူးထူးတော့မရှိပါဘူးလို့” ဆိုပြီး ရယ်ရယ်မောမောဖြေကြားထားပါတယ်။

အခုတလော ပျံ့နှံ့လာတဲ့ ဖြူဖြူထွေးရဲ့ Photoshop ဓာတ်ပုံအကြောင်းကိုလည်း “အဲဒါလေးတစ်ခုပြောချင်ပါတယ်။ သားတို့သည်..သားက ဒီိလိုမဝတ်ဘူးပေါ့နော်။ဒါပေမယ့် အဲဒီလိုလုပ်လိုက်တဲ့အခါမှာ ရေးရေးလေးကြီးနေတယ်ပေါ့နော်။ မမရယ် သူတို့လုပ်ထားတဲ့ ဟာကြီးက မတရားကြီးပြူးပြောင်နေတယ်ပေါ့နော်။ အဲ့လိုကျတော့ နယ်မှာ ကိုယ့်ထက်ကြီးတဲ့သူတွေရှိမယ်။

တချို့ဆိုရင်သိချင်သိမယ်ကွာ။တချို့ဆိုရင် ရှင်းပြရမှာ အရမ်းခက်တဲ့သူတွေရှိတယ်။ လူဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူဘူးမမရယ်။ ဆိုတော့.. တကယ်ကြီးထင်သွားမှာလည်းကြောက်တယ်။ ဖြူဖြူထွေးက အဲ့လိုကြီးဝတ်နေပြီ၊ရိုင်းနေပြီဆိုပြီးတော့ အဲ့လိုကြီး ပြောမှာကြောက်တယ်။ ဒါကတော့ Photoshop လုပ်တာဆိုပေမယ့် သူတို့အမြင်လေးထင်မိမှာစိုးရိမ်မိတာပေါ့နော်။

ကိုယ်ကလည်း ရွာပြန်ခါနီးမှာ အဲ့လိုကြီး ထင်စရာတွေဖြစ်သွားမှာစိုးရိမ်မိတာပါ။ ကျန်တာကတော့ ဘာမှထွေထွေထူးထူးမရှိပါဘူးရှင့်”လို့ စိတ်ရှည်လက်ရှည်ဖြေကြားသွားပါတယ်။

ပရိသတ်ကြီးလည်း တအုံနွေးနွေးဖြစ်နေရတဲ့ အောင်ရဲလင်းနဲ့ဖြူဖြူထွေးကိစ္စကို ရှင်းရှင်းလင်းလင်းသိလိုက်ရလို့ ကျေနပ်သွားကြမယ်ထင်ပါတယ်။ ပရိသတ်ကြီးထဲမှာရော ဖြူဖြူထွေးကိုချစ်တဲ့သူတွေရှိကြလား။ ဖြူဖြူထွေးတစ်ယောက် အနုပညာလုပ်ငန်းတွေအများကြီးလုပ်ပြီး အမြဲရယ်မောပျော်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးရင်း။

credit – nanmalgyi