ဒိန်းပိုပိုဒေါင်ကို ဖခင်ဒိန်းဒေါင်က သူ့သမီးနဲ့ပတ်သတ်ပြီး တာဝန်မယူနိုင်ကြောင်းကြေညာ

36691

ဟာသ သရုပ်ဆောင်ဒိန်းဒေါင်သည် ၄င်း၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်နှင့် ပတ်သက်သည့် ကိစ္စများကို တာဝန်ယူဖြေရှင်းပေးတော့မည် မဟုတ်ကြောင်း ယနေ့(မေလ ၂၈ ရက်) ထုတ် မြန်မာ့အလင်း သတင်းစာတွင် ထည့်သွင်းကြေညာခဲ့သည်။

ဒိန်းပိုပိုဒေါင်(ခ) မမြတ်နိုးဦးသည် ၄င်း၏ ခင်ပွန်းနှင့် တစ်အိုးတစ်အိမ် ထူထောင်ကာနေထိုင်နေသူ ဖြစ်ကြောင်း ကြေငြာစာတွင် ဖော်ပြထားသည်။

ယင်းကြေညာစာထဲတွင် ဖခင်ဖြစ်သူ ဦးတင်ဌေး(ခ) ဒိန်းဒေါင်အား ဂုဏ်သိက္ခာကျဆင်းစေရန် ပြုမူသည့်အပြင် ဆိုဆုံးမမှုကို မနာခံသည့်အတွက် ၄င်းနှင့် ပတ်သက်သည့် ကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးနိုင်မည် မဟုတ်တော့ကြောင်း ဖော်ပြပါရှိသည်။

ထို့အပြင် ငွေကျပ်ပေါင််းသိန်း ရှစ်ထောင်နီးပါး မဲကြေးများ လိမ်သွားမှုတွင်လည်း ပါ၀င်သူတစ်ဦးအဖြစ် စွပ်စွဲခံနေရသူ တစ်ဦးဖြစ်ပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ကာ လက်ရှိအထိ ဖြေရှင်းနေရဆဲ ဖြစ်သည်။