မနွယ်နွယ်ဝင်းဘဝမှ ကိုမင်းခန့် (ခ) အာနိုးဖြစ်လာ

11959

ဒီနေ့လည် ချောစုဝေအလှပြုပြင်ရေးမှချိတ်ဆက်အကူအညီတောင်းခံမှု့ကြောင့် စလင်းမြို့တွင် မသန်းစွမ်းဘဝဖြင့်ရပ်တည်ရင်း အမျိုးသမီးဘဝမှအမျိုးသားဘဝသို့ပြောင်းလဲသွားသည့်သူတစ်ဦး အကူအညီလိုအပ်နေကြောင်းသိရ၍ အကူအညီတောင်းခံလာသူ အစ်မနှင့်အတူ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေး)ရုံးခွဲတာဝန်ခံ ညီငယ် ကိုနေစိုးလင်းတို့နှင့်အတူ အဆက်မပြတ်ရွာသွန်းနေသည့်မိုးရေကြားထဲ စလင်းမြို့သို့အရောက်သွားခဲ့ကြပါသည်။

စလင်းမြို့ ပေါင်းပင်ဇင်းရပ်ရှိ မွေးရာပါခန္ဓာကိုယ်အောက်ပိုင်းမသန်စွမ်းသူ ကိုမင်းခန့်(ခ)အားနိုးအား တွေ့ဆုံခွင့်ရခဲ့ပါသည်။မှတ်ပုံတင်နာမည်မှာ မနွယ်နွယ်ဝင်းဖြစ်ပါသည်။မိခင်မုဆိုးမကြီးမှာ အကြော်ရောင်း၍ စားဝတ်နေရေးဖြေရှင်းနေရသည့်အတွက် သမီးလေးအားကျောင်းထားမပေးနိုင်ခဲ့ပါ။

သို့သော် မနွယ်နွယ်ဝင်းမှာပညာလုံးဝမသင်ကြားခဲ့ရပါသော်လည်း မြန်မာစာကိုကောင်းမွန်စွာဖတ်တတ်ပါသည်။အင်္ဂလိပ်စာအချို့ကိုဖတ်နိုင်စွမ်းရှိနေပါသည်။မည်သူ့ဆီကမှမသင်ယူရပါဘဲ လျှပ်စစ်နှင့်ပါတ်သက်သည့်ပစ္စည်းအချို့(ဥပမာ ထမင်းပေါင်းအိုး)ကို ပြုပြင်နိုင်စွမ်းရှိနေပါသည်။

ထို့ထက်ပို၍ အံသြထူးဆန်းဖွယ်ရာကောင်းသည်မှာ မနွယ်နွယ်ဝင်းသည် အသက်(၁၆)နှစ်အရွယ်မှစ၍ အမျိုးသမီးလိင်အင်္ဂါမှအမျိုးသားလိင်အင်္ဂါသို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ရာ ယခု(မည့်သည့်အသက်အရွယ်တွင်လုံးလုံးပြောင်းလဲသွားသည့်တော့မသိပါ)အချိန်တွင် မလိင်အင်္ဂါလုံးလုံးမရှိတော့ပါဘဲ ကျားအင်္ဂါ(အရမ်းမဖွံ့ဖြိုးသေး)ထွက်ပေါ်နေပါသည်။အသံမှာလည်း ယောကျင်္ားတစ်ယောက်၏အသံဖြစ်နေပါပြီ။နာမည်သည်လည်း မနွယ်နွယ်ဝင်းမှ မင်းခန့်(ခ)အာနိုး ဟုပြောင်းလဲထားပြီးဖြစ်နေပြီ။

အာနိုးဟာ အီလက်ထရောနစ်ပညာရပ်ကိုမသန်စွမ်းသင်တန်းကျောင်းမှာသင်ကြားလိုသော်လည်း သင်တန်းတက်ရောက်မည့်မသန်စွမ်းသူသည်အခြေခံပညာအထက်တန်းအဆင့်ရှိရမည်ဖြစ်၍ ကျွန်တော်တို့ကူညီမပေးနိုင်ခဲ့ပါ။အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သည့် ဆံပင်ညှပ်၊တံဆိပ်ရိုက်အစရှိသည့် ၎င်းတက်လို့ရမည့်ပညာရပ်များကိုရွေးချယ်စဉ်းစားနိုင်ရန် ညီငယ် ကိုနေစိုးလင်းမှ ရှင်းလင်းပြောပြ၍ စိတ်ခွန်အားပေးခဲ့ပါသည်။

အဆိုပါသင်တန်းများကို တက်ရောက်လိုပါက ချိတ်ဆက်ကူညီပေးမည့်အကြောင်းလည်း ပြောပြခဲ့ကြပါသည်။သားအမိနှစ်ဦး ညီမ၏ အိမ်ဝိုင်းလေးထဲတွင် တဲသာသာအိမ်လေးထိုး၍ နေကြပါသည်။

ယခင်က ညီမဖြစ်သူမှသူတို့သားအမိအားပေးကမ်းကျွေးမွေးထားသည်ဟုသိရပါသည်။ယခုညီမလုပ်သူမှာလည်း ကွယ်လွန်သွားသည်မှာ(၅)လခန့်ရှိနေ၍ သားအမိ(၂)ဦး အခက်အခဲဖြစ်ပေါ်နေရပါသည်။ကျွန်တော်တို့မိသားစုနှင့်ချောစုဝေအလှပြုပြင်ရေးမှဇနီးမောင်နှံမှ အားနိုးအတွက်တတ်အားသမျှ မုန့်ဖိုးပေးခဲ့ကြပါသည်။နောက်ထပ်တစ်ကြိမ် အားနိုးအတွက် အကျႌနှင့်ဘောင်းဘီများ(ပုဆိုးမဝတ်နိုင်ပါ)သွားလှူနိုင်ရန်ကြိုးစားပါဦးမည်။အာနိုးအား ဂရုဏာသက်စွာကူညီထောက်ပံ့လိုပါကထောက်ပံ့ပေးနိုင်စေရန်တင်ပြပေးခြင်းဖြစ်ပါသည်။

မှတ်ချက်။ ။မှတ်ပုံတင်၊လိင်အင်္ဂါပြောင်းလဲနေပုံတို့အား မိမိကိုယ်တိုင်မျက်မြင်သိရှိခဲ့ခြင်းဖြစ်ပါသည်။

Credit:
ကိုမိုး(မကွေးပရဟိတ)
အမည်ရင်း-ဦးလှမိုးအောင်
မှတ်ပုံတင် -၁၄/ဟသတ(နိုင်)၀၄၈၁၀၁
ဖုန်း -၀၉ ၅၃၄၁၆၄၁