ကြည့်ရှုသူ ၆သိန်းကျော် ကြက်သီးထခဲ့ရတဲ့ ကျော်ကျော်ဗိုလ်ရဲ့ ကျွန်တော်ရှက်လို့

2697

ယနေ့မှာတော့ သရုပ်ဆောင်ကျော်ကျော်ဗိုလ်ဟာ သူ့ရဲ့ လူမှုကွန်ယက်ကနေ ဗီဒီယိုတစ်ခုတင်လိုက်တာဖြစ်ပါတယ်။ ထိုဗီဒီယိုဟာ တင်ပြီး (၃) နာရီအတွင်းမှာပဲ ကြည့်ရှုသူအရေအတွက် အလွန်များသွားပြီး ရှယ်လုပ်သူ လေးထောင်ကျော်ရှိသွားတာဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကို သူကတော့ Caption အနေနဲ့ ကျွန်တော်ရှက်လို့ ဆိုတဲ့ခေါင်းစဉ်နဲ့တင်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုအတိုလေးထဲမှာတော့ တချို့မြန်မာကားတွေရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ အနေအထားတွေအကုန်လုံးကို ခြုံငုံသုံးသပ်ပြသွားတာဖြစ်ပါတယ်။

မိသားစုအနေအထားတွေနဲ့ ကြည့်သင့် မကြည့်သင့်တဲ့ စကားလုံးတွေ၊ သူတစ်ပါးကို တစ်ဖက်စွန်းရောက်အောင် ချိုးနှိမ်ပြောဆိုတတ်တဲ့ စကားလုံးတွေ စတဲ့ အဖက်ဖက်က ယိုယွင်းနေတဲ့ ရုပ်ရှင်တစ်ကားရဲ့ ယိုပေါက် တွေကို ထောက်ပြသွားတာဖြစ်ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ကြည့်ရှုသူတွေအကုန်လုံး ကြက်သီးထရလောက်အောင် ကောင်းမွန်တဲ့ ပေးချင်တဲ့ Message ကို လူတိုင်းနီးပါးရရှိသွားခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်လောကရဲ့ ပရိသတ်တွေတောင့်တနေတဲ့ ဖြစ်စေချင်တဲ့ ဆန္ဒတွေနဲ့ တစ်ထပ်တည်းသွားကျနေခဲ့တဲ့ ကျော်ကျော်ဗိုလ်ရဲ့ ကျွန်တော်ရှက်လို့ ဆိုတဲ့ ဗီဒီယိုလေးကို ခုပဲ တင်ပြပေးလိုက်ပါတယ်နော်။

We Love Cele