myanmar idol ညီအကိုမောင်နှမတွေနဲ့ ကြိုးစားပန်းစားသီချင်းတိုက်နေတဲ့ ဖြိုးမြတ်အောင်

1203

myanmar idol winnerကြီး ဖြစ်တဲ့ ပရိသတ်အချစ်တော်လေး ဖြိုးမြတ်အောင်ကတော့ မနေ့က ပရိသတ်တွေအချစ်တော်လေး ပိုင်ဖြိုးသုနဲ့ကြော်ငြာရိုက်ကူးခဲ့ပါတယ် ။

ယနေ့မှာတော့ ဖြိုးမြတ်အောင်တစ်ယောက် myanmar idol ညီအကိုမောင်နှမတွေဖြစ်ကြတဲ့ နေခန့်မင်းသစ် ငွေဇင်လှိုင်း တို့နဲ့ ကြိုးစားပန်းစားသီချင်းတိုက်နေရှာပါတယ်။

ဖြိုးမြတ်အောင်ကတော့ ” သီချင်းတိုက်မောတော့မောတာပေါ့ ဒါပေမယ့်မမောဘူး ” ဆိုပြီးချစ်စရာကောင်းလွန်းတဲ့ အလှပုံလေးတွေနဲ့အတူ ပြောထားပါတယ်။

ဖြိုးမြတ်အောင်ကတော့ myanmar idol အသိုက်အမြုံလေးတွေထွက်ခွာလာခဲ့ပေမဲ့လဲ ညီအကိုမောင်နှမတွေလိုခင်ရတဲ့ myanmar idol ပြိုင်ပွဲဝင်တွေနဲ့မကြာခဏတွေ့ဆုံနေတာပဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင်ကတော့ မနေ့ကပဲ ကြော်ငြာတွေရိုက်ကူးနေသလို ယနေ့မှာလဲ သီချင်းတိုက်နေတာကြောင့် ပရိသတ်တွေကအလုပ်တွေကြိုးစားနေရှာတဲ့ဖြိုးမြတ်အောင်ကို အလုပ်တွေပင်ပန်းပြီး ပိန်လာဆိုကာစိတ်ပူနေကြပါတယ်။

ချစ်ပရိသတ်တွေအတွက် myanmar idol ညီအကိုမောင်နှမတွေနဲ့ ကြိုးစားပန်းစားသီချင်းတိုက်နေတဲ့ ချစ်စရာအလှပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Credit မြန်မာလုတ်