ဖြိုးမြတ်အောင်ရဲ့ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ ဟင်္သာတက ဖျော်ဖြေပွဲ

1417

ဟင်္သာတသားလေး ဖြိုးမြတ်အောင်ကတော့ ဒီကနေ့ညနေမှာ မုန့်ဟင်းခါးတွေပါကျွေးပြီး ပရိသတ်ကို အားပါးတရ ဖျော်ဖြေနေတာ လူတွေကြိတ်ကြိတ်တိုးနေတယ်လို့ သိရပါတယ်။

အနယ်နယ်အရပ်ရပ်က ပရိသတ်တွေပဲဖြစ်ပြီး နံနက်ကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့သူတွေတောင် ရှိတယ်လို့ ဆိုပါတယ်။ သီချင်းဆိုနေတဲ့ နေရာကတော့ ဟင်္သာတမြို့ ဦးပါရဲ ဘုရားဝင်းအတွင်းမှာ ဖြစ်ပြီး လူတွေအရမ်းများတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့ဟာ မြို့နေလူဦးရေ တစ်သန်းလောက် ရှိတဲ့အတွက် နယ်ပေါင်းစုံက ပရိသတ်တွေနဲ့ဆို ပွဲစည်သွားတာက အဆန်းတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ငွေဇင်လှိုင်း၊ နေခန့်မင်းသစ်တို့လို အိုင်ဒေါက အဆိုတော်တွေပါ လာရောက်သီဆို ဖျော်ဖြေတဲ့အတွက် ပရိသတ်တွေ ပိုတိုးနေတာ အမှန်ပါ။

မိုးရွာမယ့် အခြေအနေတွေ ရှိနေတာတောင် ပရိသတ်အားပေးမှုကတော့ လျော့မသွားဘဲ လူတွေ ပိုပိုတိုးလာတဲ့ အခြေအနေကြောင့် ဖြိုးမြတ်အောင် ဖျော်ဖြေရတာ အားရဖို့ကောင်းနေမှာတော့ အမှန်ပါပဲ။

Credit: MyanmarNote