နေ့ခင်းကြောင်တောင် ဒီနေ့ပဲ ကောင်မလေးတစ်ယောက်တို့ဆေး ထပ်မိပြန်တယ်

2286

အထူးသတိထားနေကြပါ ဒီနေ့ ပဲ နောက်ထပ်တယောက်ထပ်ဖြစ်ပါတယ်။ မနေ့က comment ဝင်ရေး နေတဲ့ ညီမတယောက်။ သူရဲ့ အစ်မဖြစ်တာပါ။ လမ်းမတော်မှာပါ။ သူတို့ က အဲဒီမှာ ပိုးထည်ဆိုင်ရှိတယ်။

သူ့ အစ်မကိုမနေ့ ကအကြောင်းပြောပြထားပြီးသတိထားသွားလာဖို့ မှာထားလို့ တော်သေးတယ်… အစ်မဖြစ်သူက ဆိုင်ကိုသွားတာ သတိထားပြီး ဘုရားစာလေးလဲရွတ်ရင်းနဲ့ပေါ့ ဆိုင်နားရောက်ခါနီးမှာ မနေ့ကလိုပဲ ဦးထုပ်ဆောင်းထားတယ် အကျီ င်္အကွက်ဝတ်ထားတဲ့ကောင်မလေးက သူ့လက်မောင်းကို တဖြတ်ဖြတ်နဲ့ရိုက်လိုက်ပြီး ငါ့နောက်လိုက်ခဲ့လို့  ပြောတယ်…

သူက အစထဲကသတိထားနေတာဆိုတော့ အဲလိုလဲ ဖြစ်ရော အဲဒီကောင်မလေးကိုလှည့်ကြည့် လိုက်တယ်လိုက်တော့လိုက်မသွားဘူး။ ဒါပေမယ့် တမျိုးကြီးတော့ဖြစ်လာတယ်ပေါ့။

အဲဒါကိုလုပ်တဲ့ကောင်မလေးကလဲမရမှန်းသိတော့ထွက်ပြေးသွားတယ်။ သူလဲဆိုင်ကိုပြေးလာပြီးဆိုင်လဲရောက်ရော သတိမေ့လဲရောပဲ။ ဒါမျိုးတွေ ရက်ဆက်ကြားနေရတယ်။ ဘယ်သွားသွား ဘာလုပ်လုပ် သတိနဲ့နေကြပါလို့ ။ တကယ်ဖြစ်လို့ သတိပေးနေတာပါ။

ကူညီရှဲပေးကြပါနော်

Credit to original uploader