အမှုကြန့်ကြာနေတဲ့ အတွက် စိတ်ညစ်ရပြီး နစ်နာတယ်ဆိုတဲ့ အစ္စဏီ

1250

ပုဒ်မ ၃ ခုဖြင့် မော်ဒယ် စူးရှိထက်ရဲ့ တရားဆွဲဆိုမှုကို ခံထားရတဲ့ အဆိုတော် အစ္စဏီကတော့ သူ့အနေနဲ့လက်ရှိချိန်ထိ အမှုက စစ်ဆေးလို့ မပြီးသေးပဲ ကြန့်ကြာနေတဲ့ အပေါ်မှာတော့ စိတ်ညစ်နေပြီဟု ပြောကြားလာပါတယ်။

အဆိုတော် အစ္စဏီအမှုကလည်း လက်ရှိချိန်ထိ စစ်ဆေးမှုမပြီးသေး အမိန့်ချမှတ်ခြင်းမရှိသေးပဲ အချိန်ကာလ တခုအထိတောင် အနည်းငယ် ကြန့်ကြာနေပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆိုတော် အစ္စဏီကတော့ ရူံးချိန်အပြန်တွင် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး အကိုဖြစ်သူ ကျော်စွာကတော့ MC7ကို “အမှုကတော့ လက်ရှိချိန်ထိ မစစ်ဆေးရသေးပဲ ရပ်နေတာပေါ့။ ရုံးပြောင်းကိစ္စတစ်ခုရှိမယ်။ ခရိုင်ရုံးက ပယ်လိုက်တော့ သူကအဲ့ဒါကို တိုင်းရုံးကို ထပ်ပြီးတော့တက်တယ်။

တိုင်းရုံးမှာလည်း နောက်ထပ် ပြင်ဆင်ချက်တွေ ထပ်တပ်တယ်။ ဘယ်နေ့ပြန်ချမလဲဆိုတာကို မသိသေးတော့ ကျွန်တော်တို့ စောင့်ရမှာပေါ့။ ရုံုးထုတ်တယ်။ ရမာန်ယူတယ် ကျွန်တော်တို့ ဒီတိုင်းပါပဲ။

၉ လပိုင်းတစ်ခုလုံးက တခြားအမှုတွေက အပြည့်ပဲ။ အဲ့နောက်မှာတော့ တခုခုထူးခြားမယ်ထင်တယ်။ ၉လပိုင်းနောက်မှာတော့ ကျွန်တော်တို့ ဒီတိုင်းပဲ ရုံးထုတ်လိုက် ပြန်ပို့လိုက် ဒီတိုင်းပဲ ရှိနေမှာပါ။ ကျန်းမာရေးအခြေအနေကတော့ သူတော်တော်ကောင်းနေပါတယ်။

ဘာမှ မဖြစ်တော့ပါဘူး။ သူ့အတွက် ဘယ်လောက်ထိ နစ်နာလည်း ဆိုတော့ ထောင်ထဲမှာနေရတာက ၁ ရက်ဆို ၁ရက်လေ ခက်ခဲပါတယ်။ သူ့အမေ သူ့အဘွားတွေဆို ပိုပြီးတော့တောင် ခက်ခဲပါတယ်”

အစ္စဏီကတော့ ယင်းအမှုကိစ္စနဲ့ ပတ်သက်ပြီး “ကျွန်တော် ကျန်းမာရေးကတော့ ပြန်ကောင်းသွားပါပြီ။ အမှုကြန့်ကြာနေတဲ့အပေါ်မှာတော့ စိတ်ညစ်တာပေါ့ဗျာ” ဟု ပြောကြားသွား ခဲ့ပါတယ်။
credit – nanmalgyi