နိုင်းနိုင်း နဲ့ ခင်မင်ခဲ့တာ နှစ်ပေါင်း ၂၀ တောင်ရှိပြီဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

4696

ပရိသတ်တွေရဲ့ သဲသဲလှုပ် အားပေးခြင်းကို ခံထားရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ကြီး နိူင်းနိူင်းနဲ့ အဆိုပိုင်းမှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ ပိုင်နိူင်လွန်းတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့နှစ်ဦးရဲ့ ခင်မင်မှုသက်တမ်းကတော့ နှစ်ပေါင်း ၂၀ကြာ ရှိခဲ့ပြီလို့ စိုင်းစိုင်းက သူ့ရဲ့ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

ကျန်းမာရေးလိုက်စားကြတဲ့ သူငယ်ချင်းနှစ်ဦးမို့ Gym အတူကစားရင်း ပြန်လည်ဆုံတွေ့တုန်း Selfie အတူရိုက်ခဲ့ကြတဲ့ ပုံလေးနဲ့အတူ စိုင်းစိုင်းက “ဒီဘဲနဲ့ စခင်တာ နှစ်ပေါင်း ၂၀ အကြာ ဒီနေ့ Gym တစ်ခုတည်းမှာ ပြန်လည်ဆုံတွေ့ကြရာဝယ်” ဆိုပြီးလည်း ရေးသားထားပါသေးတယ်။ ပရိသတ်တွေအတွက် အခုအချိန်အထိကို နုပျိုလန်းဆန်းနေဆဲ သူငယ်ချင်းနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယောက်ျားပီသတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ မင်းသားချောကြီးနိူင်းနိူင်းကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို အပြည့်အဝရရှိနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ နိူင်းနိူင်းပါဝင်သရုပ်ဆောင်ထားတဲ့ “ကမ္ဘာနှစ်ထပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသဖို့ ရှိနေပါသေးတယ်နော်။

စိုင်းစိုင်းကတော့ လတ်တလောမှာ “စိုင်းစိုင်းကစိုင်းစိုင်း” ဆိုတဲ့ အခွေလေးကို ပရိသတ်တွေရဲ့လက်ထဲကို ထည့်ပေးထားခဲ့ပါသေးတယ်။

Credit: NgaKwal