မင်းဂွတ်သီးနှင့် ရောဂါတကယ် ပျောက်ကင်းသွားသော ကင်ဆာရှင်

6891

လူသားတိုင်း တစ်နေ့တစ်ချိန်တွင် သေကြရမည်ချည်းသာဖြစ်ပါ၏။ သို့သော်အသက်ကို ဉာဏ်စောင့် စကားအရ ဆိုးရွားသော ရောဂါဝေဒနာ တစ်ခုခုဖြစ်ခဲ့ပါလျှင် အားကိုးရာ ဆေးဝါးဓာတ်စာ ကုသမှုတစ်ခုခုကို ယုံကြည်စွာ ပြုလုပ်သင့်ပေသည်။

မိတ်ဆွေတစ်ဦး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်စဉ် ဆရာဝန်က ဆီးကျိတ်ရောဂါ သံသယရှိသဖြင့် ဆီးပါရဂူထံ လွှဲပြောင်းစမ်းသပ်စေပါသည်။ ဆီးပါရဂူကထပ်မံစစ်ဆေးချက်အရ အသားစယူစစ်ဆေးရာ ကင်ဆာဆဲလ်တွေ့ရှိပါတော့သည်။

ဆီးပါရဂူက ခွဲစိတ်ကုသခြင်း(သို့) ဓာတ်ကင်ကုသရန် အကြံပေးတိုက်တွန်းခဲ့သည်။သို့သော်မိတ်ဆွေ ခွဲစိတ်ကုသရန်နှင့် ဓာတ်ကင်ခြင်းလည်း မလုပ်လို၊ ဘာလုပ်ရမည်မသိ အဖြေမ ရှိဖြစ်လေသည်။

ဆီးပါရဂူက ဘာမှမလုပ်ဘူးဆိုရင် လေးလတစ်ကြိမ် သွေးစစ်သင့်ကြောင်း၊ သွေးစစ်လို့ PSD ၀.၈ထက်ပိုတက်ရင်တော့ တစ်ခုခု လုပ်မှသင့်ပါမယ်ဟု ထပ်မံအကြံပေးလေသည်။ လက်တစ်လောလုပ်သည်က ကင်ဆာဆဲလ်များကို ဖြိုဖျက်နိုင်သော ဟင်းသီးဟင်းရွက်များ များစွာစားနေခြင်းသာဖြစ်လေသည်။

အင်တာနက်မှရသော ထူးခြားသောအကြံ

ခေတ်ကာလအရ အင်တာနက်၊ဖေ့ဘုတ်သုံးစွဲခြင်းမှ ကောင်းစွာသော အကျိုးကို ရလိုက်ခြင်းဖြစ်၏။အကြောင်းကား မင်းဂွတ်သီးသည် ကင်ဆာအတွက် အလွန်အစွမ်းထက်မြက်ပြီး ကောင်းကျိုး အာနိသင်ကြီးခြင်းကြောင့်ဖြစ်လေသည်။ ထိုကြောင့် မင်းဂွတ်သီးကို ယုံကြည်စွာအသုံးပြုရန် ဆုံးဖြတ်ခဲ့လေသည်။

အာနိသင်ထက်သော မင်းဂွတ်သီး

မင်းဂွတ်သီးတွင် အလွန်အာနိသင်ထက်မြက်သော Xanthone ဆိုသောဓာတ်က အင်အားကိုဖြစ်စေလေသည်။ ခုခံအားကိုနိုးထစေ၏။ ကင်ဆာဆဲလ်ကို ကျုံ့စေသေစေသည့်အပြင် အဆီကိုကျစေသလို အရောင်ကိုလည်း ကျစေ၏။ အဓိကမင်းဂွတ်တွင် Xanthone ဓာတ်သည် အပြင်ခွံ့နှင့် အစေ့တွင် အများဆုံးပါရှိပြီး အညှာနှင့် ရွက်ဖတ်ကလွဲ၍ ပစ်စရာမရှိကြောင်း သုတေသီတို့ အထောက်အထားများအရ သိခွင့်ရခြင််းပင်ဖြစ်၏။

ယခုခေတ်တွင် စျေးကွက်ဝင်

ယခုအခါ မင်းဂွတ်သီးသည် ဆေးစွမ်းထက်မှန်း စီးပွားရေးသမားများသိလာကြ၍ မင်းဂွတ်သီးရည်နှင့် မင်းဂွတ်သီးဆေးတောင့်ပင် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနေလေသည်။

မင်းဂွတ်ဆေး

မင်းဂွတ်သီး ၏အညှာချက်ကိုဖယ်ကာ ရေစင်အောင်ဆေးပြီး အခွံအပါအဝင် အစေ့ကို အတုံးငယ်လေးများဖြစ်အောင်လှီးပြီး အသားများပါအားလုံး သစ်သီးဖျော်စက်ထဲတွင် ထည့်ပြီးကြိတ်မွှေပေး၍ ပျစ်ပျစ်နှစ်နှစ် ရအောင်ဆောင်ရွက်လိုက်ခြင်းဖြစ်လေသည်။ ထိုက်သင့်သမျှကြာရှည်ခံစေအောင် ရေခဲသေတ္တာတွင် ထည့်သွင်း သိမ်းဆည်းထားခဲ့ပါသည်။

မင်းဂွတ်ဆေးအသုံး

ပျစ်ပျစ်နှစ်နှစ်ကြိတ်ချေထားသော မင်းဂွတ်သီးဆေးကို နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် ထမင်းစားဇွန်းဖြင့် ထမင်းစားပြီးလေတိုင်း တစ်ဇွန်းစာ ရေနှင့် ရောကာ သောက်ပေးခြင်းဖြစ်သည်။

ပြန်လည်ဆေးစစ်ခြင်း

ခွဲစိတ်ကုသခြင်းစိတ်မရှိသော်လည်း ဆရာဝန်ညွှန်ကြားချင်အတိုင်း (၄) လတစ်ကြိမ် သွေးစစ်ဆေးရာ PSD များစွာ မတက်တော့သလို တစ်နှစ်ပြည့်ပြီး အသားစယူစစ်ဆေးခြင်းဆောင်ရွက်ရာ အသားစများတွင် ကင်ဆာဆဲလ်များ မတွေ့ရတော့ခြင်းဖြစ်ပါသည်။

တင်ပြပါ မင်းဂွတ်သီးနှင့်ကင်ဆာရောဂါအကြောင်းမှာ ကင်ဆာနှင့်အစားအစာစာအုပ် ကိုဖတ်ရှုပြီး ကင်ဆာဝေဒနာခံစားနေရာက ပျောက်ကင်းသူမိတ်ဆွေ၏ ပြောပြချက်အား ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။

လိုသူယူသုံးစေတနာအပြုံးဖြင့် ရွှင်ပြုံးနိုင်ပါစေ။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)