ဖုန်းခေါ်ပြီး ကျွန်မအသံကြားရလို့ သူ့ ဟာ ထောင်မတ်နေပါတယ်ဆိုပြီး မိုက်ရိုင်းနေလို့ပါ.. ကူညီကြပါ

1938

အခုပဲကျွန်မ ရဲစခန်းကအမှုဖွင့်ပြီး ပြန်လာပါတယ်။ဖြစ်ပုံက ဒီလိုပါ။ ကျွန်မက အစိုးရမဟုတ်သောအဖွဲ့ အစည်းတစ်ခုရဲ့  ဌာနခွဲတစ်ခုမှာ အလုပ်လုပ်ပါတယ်။ ကျွန်မယူထားတဲ့တာဝန်တွေထဲက တစ်ခုက ကျန်းမာရေးပြဿနာတွေကို ရုံးချိန်အတွင်း ဖုန်းကတဆင့် ခေါ်ဆိုမေးမြန်းသမျှ ပြန်လည်ဆွေးနွေးပေးတာပါ။

ကျန်းမာရေးကိစ္စဖြစ်တဲ့အတွက် ဆရာဝန်မှသာ ပြန်လည်ဖြေဆိုနိုင်တာပါ။ စမ်းသပ်ကုသမှုမပြုလုပ်သလို ဆေးညွှန်ပေးတာမျိုးမလုပ်ဘဲ အကြံပေးရုံသက်သက်ပဲ ဆောင်ရွက်ပေးတာပါ။ စိတ်ချချမေးမြနိးနိုင်အောင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေမမေးဘဲ မေးမြန်းမှုတွေကိုပဲ ပြန်လည်ဖြေပေးပါတယ်။

ခေါ်ဆိုလာသမျှထဲမှာ တကယ်အရေးကြီးလို့  စိတ်ပူလို့ မေးကြသူတွေရှိသလို အချို့ ယောက်ျားတွေကလည်း အမျိုးသမီးသံကြားရင် မဆီလျော်တဲ့ သူတို့ လိင်အဂါင်္ပြဿနာတွေ အချိန်ဆွဲမေးနေတာ ခဏခဏကြုံရပါတယ်။ ကျွန်မတို့ အနေနဲ့ အကြိမ်ကြိမ်ရှောင်ရှား စကားဖြတ်ခဲ့ရတာရှိပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ ကတော့ အမျိုးသားတယောက်က ဖုန်းခေါ်ပြီး ကျွန်မအသံကြားရတဲ့အတွက် သူ့ လိင်တံထောင်မတ်နေပါတယ်။ ခုလိုစကားပြောရင် ကိစ္စပြီးလိုပါတယ်လို့  ခုကျွန်မပြောသလို မဟုတ်ဘဲ ရိုင်းစိုင်းတဲ့စကားလုံးတွေသုံးပြီး ပြောဆိုလာပါတယ်။

ဒါက တာဝန်ထမ်းဆောင်နေချိန်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှုပါ။ ကျွန်မမှာရှိတဲ့ စမ်းချောင်းရဲစခန်းဖုန်းနံပါတ်ကို ကျွန်မချက်ချင်းဆက်ပြီး တိုင်ကြားလိုကြောင်းပြောချိန် လက်ခံဖြေကြားသူက ဖုန်းနံပါတ်သာသိပြီး ဘယ်သူဘယ်ဝါမသိတဲ့အတွက် ရှာဖွေရခက်နိုင်ကြောင်း၊ ကျွန်မတို့ မှာ စကားပြောထားတဲ့အသံဖိုင်မှတ်တမ်းမရှိတဲ့အတွက် အမှုသက်သေ မရှိဖြစ်နေကြောင်းပြောဆိုခဲ့ပါတယ်။

အဲဒီစကားကိုကြားပြီးတဲ့နောက်မှာ ဖုန်းနံပါတ်ကို အခြေခံပြီး လူကို ကျွန်မလိုက်ရှာပါတယ်။ အမျိုးသမီးအခွင့်အရေးကာကွယ်တဲ့အဖွဲ့ တွေ၊ ဥပဒေအဖွဲ့ တွေကို ဖုန်းတွေဆက်ပြီး အကူအညီတွေတောင်းပါတယ်။

ကံကောင်းစွာပဲ မိတ်ဆွေတွေအကူအညီကလွဲ ဘာပညာရှင် ဘာအဖွဲ့ အစည်းအကူအညီမှမပါဘဲ ကျွန်မဘာသာကြိုးစားရှာလို့  တွေ့ ပါတယ်။ ဘယ်လိုရှာခဲ့ရလဲ ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့အပြောအဆိုတွေ ဘယ်လောက်ပြောခံခဲံရလဲ ပြောမပြနိုင်အောင်ပါပဲ။

ဒါပေမဲ့  ကျွန်မသက်သေအခိုင်အမာနဲ့  ဒီလူပါလို့ ညွှန်ပြနိုင်ခဲ့ပါတယ်။ တိုင်ချက်ဖွင့်ခဲ့ပါပြီ။ ဆက်ပြီး အမှုတော့ရင်ဆိုင်ရပါဦးမယ်။ ရင်ဆိုင်ရာမှာ အခက်အခဲတွေလည်းကြုံနိုင်ပါသေးတယ်။

ဒီကိစ္စကြုံလာချိန်မှာ ကျွန်မသိလာတာက အကြမ်းဖက်မှု ကျူးလွန်သူတွေခုလိုကျူးလွန်ခွင့်ရအောင် အကြမ်းဖက်အားပေးလုပ်နေတဲ့လူတွေကိုပါ။ ဒါတွေက ကျွန်မလိုက်လံစုံစမ်း အကူအညီတောင်းချိန် ကြားခဲ့ရတဲ့စကားတွေပါ။

(၁) call record မရှိတဲ့အတွက် သက်သေခက်နေတာမို့ နောက်တစ်ခါဆို record ယူထားပါ။

သူတို့ ဟာ လက်ရှိအမှုကို မဖြေရှင်းပေးတဲ့အပြင် နောက်တစ်ကြိမ်ကျူးလွန်မခံရဖို့ ဘယ်လို ကာကွယ်ပေးမလဲဆိုတာ မတွေးပေးဘဲ လက်လွတ်စပယ်ပြောဆိုကြပါတယ်။

(၂) hotline ဖုန်းတွေကို ဒီလိုဆက်နှောင့်ယှက်နေကြတာ အများကြီးပဲ။ ဖြစ်နေကျကိစ္စပဲ။ ဒါကလုပ်ငန်းသဘာဝကိုး။

ဖုန်းဖြေဆိုသူအမျိုးသမီးတွေဟာ မိမိတာဝန်မိမိထမ်းဆောင်နေကြတာပါ။ စော်ကားသူကစော်ကားတိုင်း ဖြစ်နေကျကိစ္စမို့  hotline ဖုန်းကိုင်ဖို့ တာဝန်ယူထားသူမှန်သမျှဟာ စော်ကားခံရဖို့ ပါတာဝန်ရှိတယ်ဆိုတဲ့အသိ နစ်နာသူတွေကို ရိုက်သွင်းနေတာပါ။

(၃) ဒီလိုကိစ္စတွေဖြစ်နေတာပဲ။ ဒီလိုလုပ်နေသူယောကျာင်္းတွေမှအများကြီးရှာပါ။ဖမ်းပါ။ တရားစွဲပါ။ တားဖို့ မလွယ်ပါဘူးလို့ ခုလိုထိုင်ပြောပြီး ကျူးလွန်သူတွေအားတက်အောင် ငါလိုလူမှအများကြီး။ တယောက်တိုးတော့ဘာထူးလဲဆိုတဲ့ အတွေးအခေါ်မပေးပါနဲ့ ။

(၄) ပြည့်ကိုရည်ရွယ်တာမှ မဟုတ်တာ. သူကပြည့်လို့ မသိဘူးလေ။ ဖုန်းကိုင်တဲ့အမျိုးသမီးလို့ ပဲသိတာ။

ငါ့ကိုစော်ကားရဲလေခြင်းဆိုတဲ့ ကိုယ့်ထိလို့ နာတဲ့စိတ်ထက် ဒီလို hotline ဆို ဒီလို နှောင့်ယှက်လို့ ရတယ်လို့  အများကလက်ခံထားတာကို ကျွန်မ လုံးဝမခံနိုင်တာပါ။

(၅) ကိစ္စကသေးသေးလေးကိုဟယ်။ ဆတ်ဆတ်ထိမခံဖြစ်ပြနေလိုက်တာကိစ္စသေးသေးလေးလို့ ပြောထွက်တဲ့သူကို အံ့သြမဆုံးပါဘူး။ အလွယ်ရလို့ ရသလောက်လုပ်ရင်း အကာအကွယ်မဲ့ ကလေးတွေ ကအစ မုဒိမ်းကျင့်ခံနေရတာပါ။ ကိစ္စသေးသေးလေးဆိုပြီးလွှတ်ထားသူဟာ ငါမုဒိမ်းကျင့်ခါနီးမုဒိမ်းကောင်ကို လွှတ်ပေးတာဖြစ်နိုင်တယ်လို့ မတွေးမိဘူးလား။

ကျွန်မအခု အမှုဖွင့်ပြီးပါပြီ။ ၀မ်းနည်းစရာက ဒီကိစ္စအတွက် ဥပဒေမရှိလို့  ဖုန်းထဲက ဆဲရေးတိုင်းထွာတဲ့ဥပဒေနဲ့ ဖွင့်ခဲ့ရပါတယ်။ (အမျိုးသမီးအကြမ်းဖက်မှုဥပဒေနဲ့ ဖွင့်စရာမရှိပါ) ကျွန်မတို့  အရမ်းကိုအကာအကွယ်မဲ့နေပါတယ်။အားလုံးရဲ့ အကူအညီလိုပါတယ်။

ဝိုင်းဝန်းရှဲပေးကြတယ်ဆိုရင်ရင် ဒါဟာ hotline ကိုဖုန်းဆက်ပြီး မဖွယ်မရာပြောဆိုရင်လည်း အပြစ်ရနိုင်တာ ကျူးလွန်သူတွေ၊ ကျူးလွန်ဖို့ ကြံရွယ်နေသူတွေသိကြပါမယ်။ အပြစ်ပေးနိုင်တဲ့ထိ ကျွန်မကိုကြိုးစားကူညီပေးကြပါ။ ကျွန်မ အကူအညီ အမှန်တကယ်လိုအပ်နေပါတယ်။

Pyae Phyo Wai