စာသင်ကျောင်းတစ်ကျောင်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဖြိုးမြတ်အောင်

1110

စာသင်ကျောင်းတစ်ကျောင်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဖြိုးမြတ်အောင်

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီးများအားလုံးသိရှိပြီးသား ဖြစ်မှာပါ..။

ပင်ကိုယ်အရည်အချင်း၊ ရိုးသားကြိုးစားမှုတွေနဲ့ ချစ်စရာကောင်းတဲ့ စိတ်သဘောထားလေးကြောင့် ပြည်သူတွေရဲ့အချစ်တော်ဖြစ်လာတဲ့ ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေကို အမြဲချစ်ပိုအောင် ပြုလုပ်နိုင်လွန်းတဲ့ အားလုံးရဲ့ အချစ်တော်လို့ ဆိုရမှာပါပဲ..။

တစ်ဖက်မှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ပရဟိတလုပ်ငန်းတွေကိုလည်း မလစ်ဟင်းအောင် ပြုလုပ်နေတဲ့ ဖြိုးမြတ်အောင်ကတော့ ဟင်္သာတမြို့မှာရှိတဲ့ စာသင်ကျောင်းလေးမှာလည်း လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ဆရာမများ အယောက်(၂၀) အတွက်ပိတ်စများနဲ့ ဆရာ(၅) ဦးအတွက်အင်္ကျီအဖြူတို့ကိုလည်း ကိုယ်စားသွားလှူခဲ့တဲ့ သူငယ်ချင်းဖြစ်သူ ဒီဇင်ထွန်းကလည်း ထပ်မံပါဝင်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်..။

credit – မြန်မာလုတ်