ပိုင်တံခွန်နဲ့ အနမ်းခြွေခဲ့တဲ့ ဓာတ်ပုံတွေအပေါ် ပြန်လည် ဖြေရှင်းလိုက်တဲ့ စုလှိုင်ဝင်း

1376

မော်ဒယ် ပိုင်တံခွန်နဲ့ လွန်ခဲ့တဲ့ သုံးလလောက်က လမ်းခွဲခဲ့ပြီဖြစ်ပေမယ့် ဒီကနေ့မှာ သူတို့ရဲ့ စုံတွဲပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာပြန်တက်လာတာကြောင့် သူအသုံးပြုနေတဲ့ Facebook အကောင့်ကိုတောင် Deactivate လုပ်ချင်စိတ်ပေါက်သွားတယ်လို့ Facebook Cele စုလှိုင်ဝင်းက ဆိုပါတယ်။

ပိုင်တံခွန်နဲ့ စုလှိုင်ဝင်းတို့ နှစ်ဦးဟာ ချစ်သူတွေအဖြစ်တွဲခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ၃ လလောက်က လမ်းခွဲခဲ့ကြ တာဖြစ်တယ်လို့ သူကိုယ်တိုင်က အကုန်သိသတင်းဌာနကို ပြောပါတယ်။

ဒီကနေ့ လူမှုကွန်ရက် စာမျက်နှာမှာတက်လာတဲ့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး စုလှိုင်ဝင်းက အခု လို ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်စ်အကောင့်တောင် deactivate လုပ်မလို့။ အရင်တုန်းက ပုံတွေပါ။ ပုံတွေ တင်လိုက်တဲ့ ကောင်မလေးကိုလည်း မသိဘူး။

နှစ်ယောက်က မုန်းလို့ လမ်းခွဲလိုက်တာတော့ မဟုတ်ပါဘူး။ ညီ မ လည်းကျောင်းကိစ္စနဲ့ သူလည်း သူ့အလုပ်တစ်ဖက်နဲ့ဆိုတော့ နှစ်ယောက်သားနားလည်မှုနဲ့ လမ်းခွဲလိုက်တာ ပါ။

အဲဒီကောင်မလေးကို လိုက်ရှာပေမယ့် မတွေ့ခဲ့ဘူး။ သူ ဒီဓာတ်ပုံဘယ်လိုရလဲတော့မသိဘူး။ ညီမ second semester တက်တော့ စကြိုက်ပြီး ပြတ်သွားတာကတော့ ၃ လ လောက်ရှိပြီထင်ပါတယ်” လို့ စုလှိုင်ဝင်းက ဆို ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မော်ဒယ်ပိုင်တံခွန်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါ့အပြင် သူတို့နှစ် ယောက် အချိန်ကာလ ဘယ်လောက်ကြာအောင် ချစ်သူအဖြစ်တွဲခဲ့တယ်ဆိုတာကိုလည်း စုလှိုင်ဝင်းက အတည် ပြု ပြောကြားခဲ့တာတော့ မရှိပါဘူး။

Credit: We Love Cele