ထားခဲ့တဲ့လူတစ်ယောက်ရဲ့အုတ်ဂူလေးကို သွားကြည့်ချင်တယ် ဆိုတဲ့ Nilen

24603

လူတိုင်းလူတိုင်းမှာ အောင်မြင်မှုရဖို့ရုန်းကန်ကြိုးစားနေရတဲ့အချိန်တစ်လျှောက် အခက်အခဲတွေကတော့ရှိမှာပါပဲ။ တစ်ခုကိုရဖို့တစ်ခုကိုစွန့်လွှတ်ရမယ်ဆိုတဲ့လောကနိယာမအတိုင်း ကိုယ်လိုချင်တာကိုဆောင်ယူဖို့ကြိုးစားနေရချိန်မှာ မထင်မှတ်ပဲစတေးလိုက်ရတဲ့အရာတွေလည်းရှိနိုင်ပါတယ်။

လူတိုင်းလူတိုင်းမှာ အောင်မြင်မှုရဖို့ရုန်းကန်ကြိုးစားနေရတဲ့အချိန်တစ်လျှောက် အခက်အခဲတွေကတော့ရှိမှာပါပဲ။ တစ်ခုကိုရဖို့တစ်ခုကိုစွန့်လွှတ်ရမယ်ဆိုတဲ့လောကနိယာမအတိုင်း ကိုယ်လိုချင်တာကိုဆောင်ယူဖို့ကြိုးစားနေရချိန်မှာ မထင်မှတ်ပဲစတေးလိုက်ရတဲ့အရာတွေလည်းရှိနိုင်ပါတယ်။

ပြီးခဲ့တဲ့ ယှဉ်ပြိုင်မှုမှာ Voting စနစ်အရ ပြိုင်ပွဲကိုနှုတ်ဆက်ထွက်ခွာသွားရတဲ့သူတွေကတော့ Nilen နဲ့ Zaw Gyi ပဲဖြစ်ပါတယ်။ ဒီလူတွေက လောလောဆယ်မှာ ပြိုင်ပွဲကိုနှုတ်ဆက်လိုက်ရပြီဆိုပေမယ့် အိမ်ကိုအပြီးပြန်ဖို့ကတော့ အနည်းငယ်စဉ်းစားပြီး အခြေအနေစောင့်ကြည့်ရဦးမယ့်သဘောရှိပါတယ်။

ဘာကြောင့်လဲဆိုတော့ ကံမကောင်းအကြောင်းမလှလို့ ခြေချော်လက်ချော်ဖြစ်ပြီး ပြိုင်ပွဲကထွက်ခွာသွားရတဲ့ ပြိုင်ပွဲဝင်တွေထဲကတစ်ယောက်ကို စင်မြင့်ပေါ်ပြန်လည် ဆောင်ကြဉ်းပေးမယ့် Pantene Wild Card က ဒိုင်တွေလက်ထဲမှာရှိနေသေးလို့ပါပဲ။ Nilen ကတော့ Pantene Wild Card နဲ့ ပတ်သက်တဲ့သဘောထားကို “Pantene Wlid Card နဲ့ တကယ်လို့များ ပြန်လာခဲ့ရမယ်ဆိုရင်တော့ ပျော်မှာပေါ့။ပြီးတော့ ဒီ့ထက်အများကြီးဆက်ကြိုးစားသွားမှာပေါ့” လို့ ဖြေကြားထားပါတယ်။

မျက်နှာနုနုလေးနဲ့ အသံချိုုချိုလေးနဲ့ Nilen ဆိုတဲ့ကောင်မလေးမှာ စိတ်ဒဏ်ရာတွေ စတေးခဲ့ရမှုတွေရှိနေလိမ့်မယ်လို့ဘယ်သူကမှထင်မိခဲ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် Nilen ရဲ့ဘဝမှာ ဒီပြိုင်ပွဲကြီးကို လာပြိုင်ဖို့ကြိုးစားရင်း ဆုံးရှုံးခဲ့ရတာတွေရှိကြောင်းကို Nilen က “ဟုတ်ကဲ့ Nilen ဒီပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ .. Nilen ရဲ့ အရေးကြီးတဲ့တချို့တွေပေါ့နော်၊တန်ဖိုးထားရတဲ့အချို့တွေ ဆုံးရှုံးခဲ့ရတယ်။

ဒီနေ့ဆို တစ်လပြည့်တဲ့နေ့ပေါ့နော်။ အဲဒီအတွက် Nilen က ဒီဆုံးရှုံးမှုနဲ့တန်လားမတန်ဘူးလားဆိုတာ Nilen မပြောလိုပါဘူး။ သွားတဲ့လူကသွားပြီပေါ့နော်။အဲဒီအတွက် Nilen ရှေ့ဆက်ပြီးတော့ ဒီပြိုင်ပွဲကနေ ထွက်ပေမယ့် Nilen အနုပညာလမ်းကြောင်းမှာ တောက်လျှောက်ဆက်ပြီးတော့ကြိုးစားသွားပါမယ်။အကျိုးရှိအောင် ကြိုးစားသွားပါမယ်”လို့ ဖြေကြားထားပါတယ်။

ဝေးနေခဲ့တဲ့ အိမ်ရှိရာကိုပြန်ပြီးရင် အရင်ဆုံးဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းအတွက် Nilen ရဲ့အဖြေက “အစတုန်းကတော့ အိမ်ပြန်လို့ရှိရင် အရမ်းဝမ်းနည်းမယ်၊အရမ်းစိတ်ဓာတ်ကျမယ်လို့ထင်ထားတာ၊ဒါပေမယ့် တကယ်တမ်းကျတော့ Nilen စိတ်ဓာတ်ခိုင်မာနေပြီပေါ့နော်။ ပြီးတော့ အိမ်ပြန်ပေမယ့်လည်း Nilen အနုပညာလမ်းကြောင်းကနေ ရပ်မသွားပါဘူးပေါ့နော်

ဆက်ပြီးတော့ကြိုးစားသွားပါမယ်။အိမ်ပြန်ရင်အရင်ဆုံးလုပ်မယ့်အလုပ်က ဘာဖြစ်မလဲဆိုတော့… ဒီက ခွင့်ပြုလို့ရှိရင် ခရီးသွားမယ်။ချင်းတောင်ကိုပေါ့နော်။ Nilen ကို ထားခဲ့တဲ့ လူတစ်ယောက်ရဲ့ အုတ်ဂူလေးကိုသွားကြည့်ချင်တယ်။” လို့ စိတ်မကောင်းစရာဖြေကြားထားခဲ့ပါတယ်။

ပရိသတ်ကြီးကရော.. Myanmar Idol မှာ ဘယ်သူ့ကိုအားပေးကြလဲ…။ Nilen လေးအတွက် ဝမ်းနည်းနေသူတွေ၊Nilen ကို ချစ်တဲ့လူတွေရောရှိလား။

Credit: Can’t Wait To Say