ညီအစ်ကို နှစ်ယောက်က တောင်ယာတဲ၌ အမျိုးသမီးတစ်ဦးကို ကြိုးတုတ်ပြီး

2559

အမျိုးသမီးတစ်ဦးကို ဖမ်းဆီးကြိုးတုပ်ထားပြီး အဓမ္မပြုကျင့်တဲ့ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီး

တောင်ယာတဲ၌ အမျိုးသမီးတစ်ဦး ဖမ်းဆီးချုပ်နှောင်ထားမှု၊ အဓမ္မပြုကျင့်မှုဖြင့် ညီအစ်ကိုနှစ်ဦးကို အမှုဖွင့် တိုင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ မိုက်ဟိုဆန်ခါကျေးရွာ တောင်ယာတဲတွင် အသက်(၄၂)နှစ်အရွယ် အမျိုးသမီးကို ညီအစ်ကို(၂)ဦးက ဖမ်းဆီး အဓမ္မပြုကျင့်မှု၊ ဖမ်းဆီးရန်ကူညီမှုတို့ဖြင့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။

“မိုက်ဟိုဆန်ခါကျေးရွာမှ အမျိုးသမီးသည် စက်တင်ဘာလ(၂၁)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က တောထဲတွင် မိဿလင် ရှာဖွေရန် သွားရောက်ပြီး ညနေ (၄)နာရီဝန်းကျင်တွင် ရွာထဲသို့ပြန်လာစဉ် အားတု၏ တောင်ယာတဲရှေ့အရောက် အားတုက တောင်ယာတဲတွင် ဝက်ကူမောင်းထုတ်ပေးရန်နှင့် ငရုတ်သီးများ ခူးသွားရန်ပြောသဖြင့် ကူညီပေးပြီး ငရုတ်သီးခူးခဲ့တယ်။

ငရုတ်သီး ဝင်ခူးနေသည့် အဆိုပါ အမျိုးသမီးအား အားတုက နောက်မှနေ၍ ဓါးဖြင့်ခြိမ်းခြောက်ကာ ကြိုးတုပ်ဖမ်းဆီးပြီးနောက် ၎င်း၏ အစ်ကိုဖြစ်သူထံ ဖုန်းဆက်လှမ်းခေါ်ရာ ညနေ (၆)နာရီကျော်တွင် လီယာဆိုသူ ရောက်လာပြီး ၎င်းအား အဓမ္မပြုကျင့်ခဲ့ခြင်းပြီး၊မည်သူ့ကိုမှ ပြန်မပြောရန်ပြောဆိုပြီး လီယာနှင့်အားတုတို့က တောင်ယာတဲတွင် အမျိုးသမီးကို ထားခဲ့ပြီးနောက် အမျိုးသမီးမှာ နေအိမ်သို့ပြန်လာရာ ည(၇)နာရီကျော်၌ နေအိမ်သို့ ရောက်ရှိပြီး ခင်ပွန်းဖြစ်သူကို ပြောပြခဲ့ကြောင်း “ဟု ရဲစစ်ဆေးချက်အရ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ လီယာ အသက်(၃၅)နှစ် နှင့် အားတု(၂၃)နှစ်အရွယ် တို့အား တာလေနယ်မြေရဲစခန်းတွင် (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၅၄/၃၇၆/၁၁၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

Credit: Munimary News Agency